Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း လိပ်ကျရွာကို စစ်တပ်ထပ်မံ လေကြောင်းတိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို မနေ့ညပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၄လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှုများ

မေ-၁၉၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို မနေ့ညပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၄လုံးပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

မေလ ၁၈ရက် ည ၇နာရီကျော်မှာ တံတားဦးလေတပ်က တက်လာတဲ့ စစ်တပ်လေယာဉ်က လိပ်ကျကျေးရွာကို ပေါင်၃၀၀ ဗုံးကြဲချခဲ့တာလို့သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုမှာ နေအိမ်၄လုံး ပျက်စီးခဲ့ပြီး အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ညတိုင်း ဖိုက်တာ တွေလာတယ်။ သေချာအိပ်ရတဲ့ ရက်ကိုမရှိဘူး။ တိုက်ပွဲနဲ့ ဝေးတဲ့ရွာတွေလည်း ဆက်တိုက်ကြဲနေတာ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဧပြီလအတွင်းမှာလည်း လိပ်ကျရွာလယ်ခေါင်ကဈေးကို စစ်တပ်ဗုံးကြဲထားတာမို့ ပြည်သူ ၁၃ဦး သေဆုံးခဲ့ပါသေးတယ်။

မေလ ၁၇ ရက် မနက်ပိုင်းကလည်း စဉ့်ကူးမြို့နယ်၊ စိုက်ကွင်းရွာကို စစ်တပ်က ၃ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ လေ ကြောင်းတိုက်ခိုက်မှုမှာလည်း နေအိမ်အ ဆောက်အဦး ၂လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၁၈ရက် မနေ့ မနက်ပိုင်းမှာလည်း စဉ့်ကူးမြို့ရဲ့ မြောက်ဘက် သီလရွာကို ပေါင် ၃၀၀ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တ‌‌ယ်လို့သိရပါတယ်။

စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ် နေပြီး ဒီတိုက်ခိုက်မှု အများစုကို တံတားဦးလေတပ်က ပြုလုပ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook