Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Aukus သဘောတူညီချက်ကို ‘အမေရိကန်သာ ပဓာန’မူနဲ့ ကိုက်ညီမှုရှိမရှိ အမေရိကန် ပြန်ဆန်းစစ်နေ

ဗြိတိန်၊ ဩစတြေးလျတို့နဲ့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ရေး စီမံကိန်းဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ‘အမေရိကန်သာ ပဓာန’ မူဝါဒနဲ့ ကိုက်ညီမှု ရှိမရှိ အမေရိကန်က ပြန်လည် ဆန်းစစ်နေကြောင်း သိရပါတယ်။

Getty Images

ဗြိတိန်၊ ဩစတြေးလျတို့နဲ့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ရေး စီမံကိန်းဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ‘အမေရိကန်သာ ပဓာန’ မူဝါဒနဲ့ ကိုက်ညီမှု ရှိမရှိ အမေရိကန်က ပြန်လည် ဆန်းစစ်နေကြောင်း သိရပါတယ်။

အမေရိကန်မှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်က ချုပ်ဆိုခဲ့တဲ့ သဘောတူ စာချုပ်ဟာ တရုတ်ရဲ့ ဒေသတွင်း ရေတပ်အင်အား ချဲ့ထွင်ပြီး ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတာတွေကို သုံးနိုင်ငံ ပူးပေါင်း တုံ့ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Aukusလို့ ခေါ်ဝေါ်တဲ့ စာချုပ်အရ အမေရိကန်နဲ့ ဗြိတိန် နည်းပညာတွေ အသုံးပြုထားပြီး နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ နည်းပညာမြင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကို ဩစတြေးလျအတွက် ထောက်ပံ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေမှာ နျူကလီးယား လက်နက်တွေတော့ တပ်ဆင်စေမှာ မဟုတ်ပါဘူး။

ဩစတြေးလျနဲ့ ဗြိတိန်တို့ဟာလည်း ပြီးခဲ့တဲ့ နှစ်တုန်းက Aukus သဘောတူညီမှုနဲ့ ပတ်သက်လို့ အသီးသီး ပြန်လည် ဆန်းစစ် သုံးသပ်တာတွေ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုအခါ အမေရိကန်ကလည်း Aukus သဘောတူညီမှုကို ပြန်ဆန်းစစ်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုခု ဖြစ်လာနိုင်ခြေ ရှိသလားဆိုတဲ့ ထင်ကြေးတွေကို အဲဒီ နှစ်နိုင်ငံက ငြင်းဆိုခဲ့ပြီး ဒါဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုလို့သာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်က Aukus သဘောတူညီချက်ကို ပြန်လည် ဆန်းစစ်တဲ့ ကိစ္စဟာ ထရမ့်က ဩစတြေးလျ အစိုးရ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို လက်ရှိမှာ GDPရဲ့ ၂ ရာခိုင်နှုန်း သတ်မှတ်ထားရာကနေ ၃.၅ ရာခိုင်နှုန်းဆီ မြှင့်တင်ဖို့ ဖိအားပေး တောင်းဆိုလာပြီးချိန်မှာ ပေါ်ပေါက်လာတာပါ။ ဩစတြေးလျကတော့ အဲဒီ တောင်းဆိုမှုကို ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်က ရရှိခဲ့တဲ့ Aukus သဘောတူညီမှုဟာ တန်ဖိုး ဒေါ်လာ ၂၃၉ ဘီလီယံလောက်ထိရှိပြီး အဲဒီတုန်းက လက်မှတ်ထိုးခဲ့တဲ့ သုံးနိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေဟာ လက်ရှိ တာဝန်ယူနေသူတွေနဲ့ မတူတော့ပါဘူး။

အရင် အစိုးရအဖွဲ့ လက်ထက်တုန်းက ချုပ်ဆိုခဲ့တဲ့ Aukus သဘောတူ စာချုပ်ဟာ သမ္မတ ထရမ့်ရဲ့ ‘အမေရိကန်သာ ပဓာန’မူနဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာကို ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်လည် ဆန်းစစ် သုံးသပ်နေတယ်လို့ ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အမေရိကန် စစ်မှုထမ်းတွေရဲ့ တိုက်ပွဲဝင် အနေအထား အသင့်ဖြစ်မှု အမြင့်ဆုံးမှာ ရှိနေဖို့၊ မဟာမိတ်တွေကလည်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း အစီအမံတွေမှာ ကိုယ့်တာဝန်ကိုယ် ဖြည့်ဆည်း ကျေပြွန်ကြဖို့၊ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတွေကလည်း အမေရိကန်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ဆိုတဲ့ သူ့ရဲ့ သဘောထား ဆန္ဒတွေကို အတိအလင်း အသိပေးထားပြီး ဖြစ်တယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။

ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလက်စ်ကတော့ Aukus သဘောတူညီမှုဟာ နိုင်ငံခေါင်းဆောင်တွေ ပြောင်းသွားတဲ့တိုင်အောင် ဆက်လက် တည်တံ့နေမယ်လို့ အကောင်းမြင် မျှော်လင့်ထားကြောင်း ဇွန်လ ၁၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း ဗြိတိန်ကိုယ်တိုင် မနှစ်တုန်းက အလားတူ ဆန်းစစ်မှုမျိုး လုပ်ခဲ့သလို အမေရိကန်ရဲ့ အစိုးရသစ်ကလည်း သဘောတူညီမှုနဲ့ ပတ်သက်လို့ ပြန်လည် လေ့လာ ဆန်းစစ်တပ် ဆိုတာဟာ နားလည်ပေးနိုင်တဲ့ ကိစ္စမျိုးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Aukusဟာ ဗြိတိန်အနေနဲ့ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံနှစ်ခုနဲ့ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်တယ်လို့လည်း အဲဒီ အရာရှိက ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။