Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနဲ့ စဉ့်ကူးအစပ်က ဆေးရုံ ဗုံးကြဲခံရပြီး မီးနေသည် သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အစပ် ယက္ကန်းစင်တောင်ကျေးရွာအနီးရှိ မေတ္တာ နန္ဒ ဆေးရုံ (ယက်ကန်းစင် )ဆေးရုံကို မနေ့ ညနက်ပိုင်းက ဗုံးကြဲခံရပြီး မီးနေသည် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က. ဖ) က သတင်းထုတ်ပြန်ပါတယ်။

ဗုံးကြဲခံရပြီးနောက် ပျက်စီးထိခိုက်သွားတဲ့ဆေးရုံကိုတွေ့ရပုံ ဓာတ်ပုံ - ပြင်ဦးလွင် ပ.က.ဖ

ဇွန် – ၂၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အစပ် ယက္ကန်းစင်တောင်ကျေးရွာအနီးရှိ မေတ္တာ နန္ဒ ဆေးရုံ (ယက်ကန်းစင် )ဆေးရုံကို မနေ့ ညနက်ပိုင်းက ဗုံးကြဲခံရပြီး မီးနေသည် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က. ဖ) က သတင်းထုတ်ပြန်ပါတယ်။

မနေ့ ဇွန်လ ၂၂ ရက် ည ၁၁ နာရီ ၅ မိနစ်အချိန်မှာ ဆေးရုံကို နှစ်ကြိမ် တိုင်တိုင်ဗုံးကြဲခဲ့တာလို့သိရပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ကလေးမွေးဖွားပြီးစ အသက် ၃၀ အရွယ် မီးနေသည် အမျိုးသမီး သေဆုံးခဲ့ပြီး ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးလည်း ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင် ပ.က.ဖက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားတဲ့ မီးနေသည် အမျိုးသမီးဟာ မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲ ကျေးရွာက ဖြစ်ပါတယ်။

စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုသဖို့ရောက်နေတဲ့ ပြည်သူ ၁၁ ဦး လည်း ထိခိုက်ဒဏ်ရာရသလို သားဖွားမီးယပ် အဆောင်အပါအဝင် အဆောက်အဦး သုံးလုံး ပျက်စီးသွားတယ်လို့ ပြင်ဦးလွင် ပ.က.ဖ က အသိပေးထားပါတယ်။

အခုလို ​ဗုံးကြဲခံရတဲ့ မေတ္တာ နန္ဒ ဆေးရုံ (ယက်ကန်းစင် ) ဟာ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်မှာ တည်ရှိပြီး ​အနီးဝန်းကျင် ကျေးရွာ​တွေက ပြည်သူ​တွေအားထားရတဲ့ ​ ဆေးရုံတစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ဧပြီ ၁၃ ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုးရွာနဲ့ စိန်ပန်းကုန်းရွာကြားမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မတ္တရာမြို့နယ်မှာ ပြည်သူတွေ နေအိမ်တွေမှာပြန် နေဖို့စည်းရုံးပြီးတဲ့နောက် PDFနဲ့ နီးစပ်တယ်လို့သံသယရှိသူတွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး၊မတ္တရာမြို့နယ်မှာ စစ်တပ်ကပြန်သိမ်းတဲ့ ကျေးရွာတွေကို ပြန်ဝင်တဲ့ ပြည်သူတွေကို ၆ရက်အတွင်းရွာလုံးကျွတ်ပြောင်း‌ရွေ့ဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။