Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်၊လက်ပန်လှရွာ ကိုစစ်​ကောင်စီ ဗထပ်မံဗုံးကြဲ အမျိုးသမီးတဦး သေဆုံး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်‌၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။

စစ်တပ်က ဗုံးကြဲပြီးအပျက်အစီး​တွေကိုတွေ့ရစဥ်။ဓါတ်ပုံ-ပြင်ဦးလွင် ပကဖ

ဇွန်၂၉၊၂၀၂၅၊မေ၊ထားမြတ်/People Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်‌၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။

ဇွန်လ၂၉ရက်နေ့၊ မနက်၁၁နာရီ၅၀ မိနစ်မှာ လက်ပန်လှ ကျေးရွာ၊ပြည်စိုးအောင် ရပ်ကွက်ကို စစ်​ကောင်စီ တိုက်​လေယာဥ်က ပေါင်၃၀၀ ဗုံးကြဲခဲ့တာလို့ သူက​ပြောပါတယ် ။

“အသက်‌‌၄၀ အရွယ်အမျိုးသမီး တဦး သေသွားတယ်။အရိုးရော၊အသားရော တစဆီဖြစ်သွားတယ်”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။ဒါ့အပြင် နေအိမ်၃လုံး လည်းပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လက်ပန်လှ ကျေးရွာက ပြည်စိုး အောင် ရပ်ကွက်ကို မကြာခဏ လေကြောင်းက​နေ ဗုံးကြဲခဲ့တာပါ။

“ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊စစ်ဘေးရှောင်စခန်း၊ ဆေးရုံ အဲဒီလို မကြဲသင့်တဲ့နေရာတွေကို အများကြီး ကြဲပြီး လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတယ်”လို့ ပြင်ဦးလွင်ခရိုင်ပဖက တာဝန်ရှိသူက ပြောပါတယ် ။

စစ်ကောင်စီကနိုင်ငံတကာအမြင်ကောင်ဖို့ ငြိမ်းချမ်းရေးဖိုရမ်ကဲ့သို့သော ဟန်ပြလုပ်ရပ်​တွေကို လုပ်ပြီး တဖက်မှာပြည်သူ​တွေကို လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ သူကဆက်​ပြောတယ် ။

ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့ကလည်း လက်ပန်လှ ကျေးရွာဈေးထဲကို စစ်တပ် တိုက်​လေယာဥ်​တွေက ဖျက်အားပြင်းဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၂၇ ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်တပ်က တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ စဉ့်ကူး၊မတ္တရာနဲ့သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု တွေမကြာခဏ ပြုလုပ် ခဲ့ပြီး ၂၀၂၅ ခုနှစ်ထဲမှာပဲ လေကြောင်းတိုက်ခိုက်မှု အကြိမ်ဆယ်နဲ့ချီပြုလုပ်ခဲ့ပါတယ်။ဗုံးကြဲမှု​ကြောင့် ဒေသခံပြည်သူရာနဲ့ချီပြီး ​သေဆုံး ဒဏ်ရာ ရခဲ့ပါတယ် ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက “(စစ်​ကောင်စီက) ငြိမ်းချမ်းရေးဆွေးနွေးနေတယ်ဆိုပြီး လုပ်နေတယ်။တဖက်မှာ ဗုံးကြဲနေတယ်။တဖက်မှာ ရွာတွေဝင် မီးရှို့တယ်။တဖက်မှာလူထုတွေကို ညှင်းပန်းသတ်ဖြတ်နေပြီး ငြိမ်းချမ်းရေးဆိုတဲ့ဟာကအဲဒါက မဖြစ်ဘူး”လို့​ပြောပါတယ်။

စစ်ကောင်စီဟာ ဇွန်လ ၂၅ရက်က​နေ ၂၇ရက်အထိ နေပြည်တော်မှာ စစ်တပ်ကို မတိုက်တဲ့​လက်နက်ကိုင်အဖွဲ့​တွေ ၊​ရွေး​ကောက်ပွဲရှုံးပါတီ​တွေ စစ်တပ်​ထောက်ခံသူ​တွေနဲ့ ငြိမ်းချမ်းရေးဖိုရမ်ဆိုပြီး လုပ်ခဲ့ပါတယ်။ ​တဖက်မှာ​တော့​ဆွေး​နွေးပွဲ ကျင်းပ​နေတုန်းမှာပဲ ​ကျောက်မဲ ၊​နောင်ချို ၊မိုးကုတ် ၊ကရင်နီပြည် စတဲ့ ​ဒေသအနှံကို ပြည်သူ​တွေကိုပါပစ်မှတ်ထားဗုံးကြဲခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook