Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ တောမီးငြှိမ်းနေတဲ့ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ချောင်းပစ်သူကို သေဆုံးလျက်သား ရှာတွေ့

အမေရိကန် နိုင်ငံမှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့သူကို သေဆုံးလျက် ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

The New York Times

အမေရိကန် နိုင်ငံမှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့သူကို သေဆုံးလျက် ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက အစ်ဒါဟို ပြည်နယ်ထဲက ကူအာဒီ အယ်လင်း မြို့နားမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ် ဝန်ထမ်းတွေကို အနီးတဝိုက် ခြုံနွယ်တွေထဲကနေ စနိုက်ပါ ရိုင်ဖယ်နဲ့ ချောင်းမြောင်း ပစ်ခတ်တာကြောင့် မီးသတ် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ သေနတ်သမားဟာ အခင်းဖြစ်တဲ့ နေရာဆီ ရောက်လာတဲ့ ရဲတွေကိုပါ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒေသခံ ရဲတပ်ဖွဲ့ဟာ အဲဒီနေရာတဝိုက်ကို အရေးပေါ် မှုခင်းဇုန်တစ်ခုအဖြစ် သတ်မှတ်ပြီး သေနတ်သမားကို ချေမှုူန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အထူးရဲတပ်ဖွဲ့ (SWAT)တွေက သေနတ်သမားရဲ့ အလောင်းကို ရှာတွေ့ခဲ့ပြီး အန္တရာယ်ဇုန် သတ်မှတ်ပြီး lockdown ကြေညာထားမှုကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာနဲ့ တခြားအချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။ ပြီးတော့ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလား၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ သုတ်သင် ရှင်းလင်းမှုကို ခံခဲ့ရတာလား ဆိုတာလည်း မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

အခုတော့ မီးသတ်ဌာနဟာ ကူအာဒီ အယ်လင်း မြို့ရဲ့ ဆင်ခြေဖုံးတွေကို ခြိမ်းခြောက်နေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ အဓိက အာရုံစိုက်နေပြီ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အနီးတဝိုက် နေထိုင်သူတွေ အနေနဲ့ လိုအပ်ရင် ရွှေ့ပြောင်းနိုင်အောင် အသင့်ပြင်ဆင်ထားဖို့၊ နောက်ဆက်တွဲ ကြေညာချက်တွေကို နိုးနိုးကြားကြား စောင့်နားထောင်ဖို့ တိုက်တွန်းထားပါတယ်။

မီးသတ်တွေကို စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်တယ်ဆိုတဲ့ ကိစ္စဟာ မကြုံဖူးတဲ့ အခြေအနေ တစ်ခုလို့ ရဲတွေက ပြောပါတယ်။ ပြီးတော့ သေနတ်သမားက အခုလို တိုက်ခိုက်တဲ့ ရည်ရွယ်ချက်ကိုလည်း မသိရသေးဘဲ စုံစမ်းမှုတွေ ဆက်လုပ်နေဆဲပါ။

သေနတ်သမားဟာ တောမီးနဲ့ ဆက်စပ်မှု ရှိသလား၊ ဥပမာ သူကပဲ တောမီးကို စရှို့ခဲ့သလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးလည်း ရဲတွေက အဖြေရှာဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Economic Times

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook