Connect with us

Hi, what are you looking for?

သတင်း

လမ်းဖြတ်ကူးသူနှစ်ဦး သင်္ဃန်းကျွန်း၊ စုပေါင်းမှတ်တိုင်အနီးကားတိုက်ခံရပြီး​သေဆုံး

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စုပေါင်းမှတ်တိုင် အနီး၌ အမျိုးသားနှစ်ဦး ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသွားကြောင်း Yangon Rescue Organization ကထုတ်ပြန်သည်။

လမ်းဖြတ်ကားသူ ၂ ဦးကို တိုက်မိခဲ့​သော တိုယိုတာကား။ ဓာတ်ပုံ -မာစီဒီးခါန်းလူငယ်ပရဟိတ

ဇူလိုင်-၄၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စုပေါင်းမှတ်တိုင် အနီး၌ အမျိုးသားနှစ်ဦး ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသွားကြောင်း Yangon Rescue Organization ကထုတ်ပြန်သည်။

ဇူလိုင် ၃ ရက် ည ၉နာရီ ၅၀ ခန့်တွင် အဆိုပါဖြစ်စဉ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး YRO အဖွဲ့ဝင် “မေတ္တာရောင်ခြည်” လူငယ်လေးများ ပရဟိတအသင်း ၊ ” မာစီဒီးခါန်း ” လူငယ် လူမှုကူညီရေးအသင်း ၊ ” 7 Days ” ပရဟိတမှ စေတနာ့ ဝန်ထမ်းများသွားရောက်ကူညီပေးခဲ့သည်ဟု YRO က မှတ်တမ်းဓာတ်ပုံများနှင့်သတင်းထုတ်ပြန်ထားသည်။

သံသုမာလမ်းမပေါ်၌ လမ်းဖြတ်ကူးလာ​သောလူလတ်ပိုင်းအမျိုးသား နှစ်ဦးကို Toyota Belta ကားတစ်စီးက အရှိန်ဖြင့်တိုက်ခဲ့ရာ ကားတိုက်ခံရသူတစ်ဦးသည် တစ်ဖက်လမ်းကြောသို့ ရောက်ရှိသွားပြီး Toyota Hiace ကားက ထပ်မံတက်ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း ယာဥ်များအ​ကြောင်းနှင့် ယာဉ်တိုက်မှုအကြောင်းအရာများကို ဖော်ပြသည့် တိုက်ကြေကားပေ့ခ်ျကလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ -မာစီဒီးခါန်းလူငယ်ပရဟိတ

ယာဉ်တိုက်ခံရသူနှစ်ဦးစလုံး အခင်းနေရာ၌ သေဆုံးသွားပြီး ယာဉ်တိုက်ခံရသူတစ်ဦးကို တက်ကြိတ်မိခဲ့သည့် Toyota Hiaceသည် မောင်းပြေးသွားကြောင်း ယင်းပေ့ခ်ျ၌ ဖော်ပြထားသည်။

သေဆုံးသူများကို သင်္ဃန်းကျွန်း (ခ) ရပ်ကွက် ပရဟိတအသင်း နှင့် မာစီဒီးခါန်းလူငယ် လူမှုကူညီရေးအသင်း တို့၏အရေးပေါ်ယာဥ်များဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း YRO က အသိပေးထားသည်။

ယင်းယာဉ်တိုက်မှုတွင်လမ်းကြောင်းမှန်မောင်းလာသော်လည်း ယာဉ်တိုက်မှုမှ လွင့်လာသူကို တက်ကြိတ်မိခဲ့သည့် Toyota Hiaceသည် အပြစ်မရှိဟုယာဉ်မောင်း အချို့ကမှတ်ချက်ပြုသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်သည့်နေရာသည် ယာဉ်တိုက်မှုဖြစ်လေ့ရှိသည်နေရာဖြစ်ပြီး လမ်းကူးရသူများအတွက်လည်း အန္တရာယ်အတော်များကြောင်း ဒေသခံများကပြောသည်။ လမ်းဖြတ်ကူသူနှစ်ဦးကို တိုက်မိခဲ့​သော တိုယိုတာကားဦး​ခေါင်ပိုင်းမှာ ကားမှန်ကွဲ​နေပြီး ကား​ရှေ့ဖုံး ပျက်စီး​နေသည်ကို​တွေ့ရသည်။

“သုဝဏ္ဏလမ်းဆုံကနေ မီးပွိုင့်လွှတ်လို့ မောင်းလာတဲ့ကားတွေက ရေစက်အကျော် စုပေါင်းနားလောက်မှာ အရှိန်မတရားများနေကြတာ။ အဲ့ကနေ ထပ်လွှတ်ရင် မင်းဒင်ထိပ်၊ပြီးရင် ကမာကြည်ပွိုင့်လွှတ်တာနဲ့ ဝေဘူလ အကျော်ချမ်းအေးနားထိ ၊ ကားရှင်းတာနဲ့ စောက်ရမ်းမောင်းပြီး ကျော်ခွဝိုက်ကြတဲ့ ကားတွေချည်းပဲ။ရပ်ကွက်ထဲကနေ လမ်းကူးပြီး ဟိုဘက်ကို အမှိုက်သွားပစ်တဲ့သူတွေ အများစုအတိုက်ခံရပြီး, တိုက်ခံရရင်လည်း သေတာများတယ်။” ဟု ယင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။