Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းက (၄)မိုင်ကံသာရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်

သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ပြန်ရထားတဲ့ (၄)မိုင်ကံသာကျေးရွာကစစ်​ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်က တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်က (၄)မိုင်ကံသာရွာကို စစ်တပ်ကဇူလိုင် ၁၂ ရက်မှာ ပြန်ရပြီးနောက်တွေ့ရစဉ်။ ဓာတ်ပုံ - စကစ/တယ်လီဂရမ်

ဇူလိုင်-၁၈၊၂၀၂၅။DEE/People’s Spring

သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ပြန်ရထားတဲ့ (၄)မိုင်ကံသာကျေးရွာကစစ်​ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်က တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က (၄)မိုင်ကံသာရွာကို စစ်တပ်က ဇူလိုင် ၁၂ရက်မှာ ပြန်ရခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေကဇူလိုင် ၁၇ရက်မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

” (၄)မိုင်မှာ ကြမ်းနေတယ်။ အတော်တော်လေး ကြမ်းနေတယ်။ တော်လှန်ရေးတပ်တွေက ပြန်တိုက်နေတာ”လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သပိတ်ကျင်းမြို့နယ်ရဲ့ (၇)မိုင်ရွာက စစ်ကောင်စီစခန်းကိုလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

(၇)မိုင်ကျေးရွာမှာ စစ်တပ်ရဲ့ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိပြီး ပြီးခဲ့တဲ့ဇွန်လဆန်းကစပြီး (၇)မိုင်ကျေးရွာက လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်ကျေးရွာက အမှတ် (၁၃)

တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)တို့မှာ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးထွက်လာရာက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

(၇)မိုင်က ထွက်လာတဲ့ စစ်တပ်ဟာ သပိတ်ကျင်းမြို့ အရှေ့ဘက်က (၄)မိုင်ခန့်အကွာက (၄)မိုင်ကံသာရွာအထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလမ်းပိုင်းက (၆)မိုင်နဲ့ (၅)မိုင်ကျေးရွာတွေကို စစ်ကောင်စီတပ်က သိမ်းရခဲ့ပြီး ဇူလိုင် ၁၂ရက်က (၄)မိုင်ကံသာကျေးရွာကို ထပ်မံသိမ်းရခဲ့တာလို့ ဆိုပါတယ်။ ဒါ​ကြောင့် တော်လှန်ရေးတပ်တွေဟာ အခု (၄)မိုင်ရွာကိုပြန်လည်သိမ်းပိုက်နိုင်ဖို့တိုက်ခိုက်နေတာဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ ကားလမ်းအတိုင်းဆိုမိုင်(၈၀)​ကျော်ကွာ​ဝေးတဲ့ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ရခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်စခန်းအားလုံးကို​တော့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့ သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ တွင်းငယ်ကျေးရွာက အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)မှာ သွားရောက်စုဝေးခဲ့ကြသလို ၊စစ်တပ်က စစ်ကူပို့တဲ့ စစ်သား​တွေနဲ့ ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး စိုးမင်းသူနဲ့ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီဟာ ဇူလိုင် ၁၂ ရက်ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်က လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ လေးဦးဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ