Connect with us

Hi, what are you looking for?

သတင်း

ဩစတေးလျနိုင်ငံမှာ ပထမဆုံးရုံတင်မယ့် ပြုံးပြုံးလေး ရုပ်ရှင်

ကရင်နီပြည်နယ်မှာ တော်လှန်ရေး ရဲဘော်တွေနဲ့ အနုပညာရှင်တွေပါဝင်ရိုက်ကူးထားတဲ့ ပြုံးပြုံးလေး ရုပ်ရှင်ကို ဩဂုတ်လအတွင်း ဩစတေးလျ နိုင်ငံမှာ ပထမဆုံးရုံတင်ပြသမှာဖြစ်ပါတယ်။

ဩဂုတ်-၁၊၂၀၂၅။ဆဏ်း/People’s Spring

ကရင်နီပြည်နယ်မှာ တော်လှန်ရေး ရဲဘော်တွေနဲ့ အနုပညာရှင်တွေပါဝင်ရိုက်ကူးထားတဲ့ ပြုံးပြုံးလေး ရုပ်ရှင်ကို ဩဂုတ်လအတွင်း ဩစတေးလျ နိုင်ငံမှာ ပထမဆုံးရုံတင်ပြသမှာဖြစ်ပါတယ်။

ဩဂုတ် ၁၀ ရက်‌မှာ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့က Bryan Brown Theatre မှာ ပထမဆုံးပွဲစဉ်အနေနဲ့ ပြသမှာဖြစ်ပြီး ဒီကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းမော်ကွန်းကိုယ်တိုင်တတ်ရောက်မယ်လို့ ပြုံးပြုံးလေး ရုပ်ရှင်ပေ့ခ်ျမှာ အသိပေးထားပါတယ်။

“ပွဲဦးထွက်ဖြစ်တဲ့အပြင် သူတို့ချစ်တဲ့ပရိတ်သတ်များအတွက် ကိုကျော်က လူကိုယ်တိုင်လာရောက်နှုတ်ဆက်မှာဖြစ်သလို ကိုပေါက်ကလဲ Zoom နဲ့ Sydney ချစ်ပရိတ်သတ်ကြီးနဲ့ တွေ့ဆုံစကားပြောကြမှာ ဖြစ်တာကြောင့် လွတ်မသွားသင့်တဲ့ပွဲတစ်ပွဲပါနော်။ ” လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီရုပ်ရှင်ကိုဩစတေးလျနိုင်ငံအပါအဝင် နိုင်ငံငါးနိုင်ငံမှာ ပြသဖို့ စီစဉ်ထားပြီး ဩဂုတ် ၂၄ မှာ ဂျပန်နိုင်ငံ တိုကျို ၊ စက်တင်ဘာ ၈ မှာ ဆွီဒင်နိုင်ငံ Hallsberg ၊ အောက်တိုဘာ ၄ မှာ ကနေဒါနိုင်ငံ Toronto နဲ့ နိုဝင်ဘာ ၈ မှာ အမေရိကန်နိုင်ငံ ၊ နယူးယောက်မှာ ပြသပေးမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ မင်းမော်ကွန်း ၊ ကိုပေါက်တို့နဲ့ အတူ မြေပြင်က တော်လှန်ရေးရဲဘော်တွေပါဝင်ထားပြီး အလွှာပေါင်းစုံက ပြည်သူတွေနဲ့ အတူ ပါဝင်ရပ်တည်ပေးနေတဲ့ မြေပြင်ရဲဘော်တွေရဲ့ ဖြစ်ရပ်မှန် ဘဝတွေကို အခြေခံရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

မင်းမော်ကွန်းက မြေပြင်ကရဲဘော်တွေနဲ့ အတူဖရူဆို၊ဒီမောဆို၊ဖားဆောင်းမြို့တွေမှာ အခြေပြုရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာကိုပေါက်ကိုယ်တိုင် ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွေကြား မှာရိုက်ကူးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီရုပ်ရှင်ကရလာတဲ့ ‌ငွေတွေကိုတော့ မြေပြင်ကို ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကနေ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။