Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့က ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုများ

ယနေ့ (သြဂုတ် ၈) ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၇)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီက လှည်ကင်းများဖြင့် လုံခြုံရေးအထပ်ထပ်ချထားသည့်ကြားက ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် ‘၈’ သင်္ကေတစာလုံးရေးဆွဲထားသော ထီးများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

သြဂုတ်-၈၊၂၀၂၅။ သုည/People’s Spring

ယနေ့ (သြဂုတ် ၈) ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၇)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီက လှည်ကင်းများဖြင့် လုံခြုံရေးအထပ်ထပ်ချထားသည့်ကြားက ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် ‘၈’ သင်္ကေတစာလုံးရေးဆွဲထားသော ထီးများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့နှင့် ရန်ကုန်မြို့နေပြည်သူများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ပြည်သူများက ရန်ကုန်မြို့လယ်ခေါင် ဆူးလေလမ်းမပေါ်၊ မြို့တော်ခန်းမ၊ ဗိုလ်ချုပ်ကြေးရုပ်၊ ကန်တော်ကြီးနှင့် ရန်ကုန်တက္ကသိုလ်အပေါက်ဝတို့တွင် ‘၈’ သင်္ကေတစာလုံးရေးဆွဲထားသော ထီးများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှသည် ယခု နွေဦးတော်လှန်ရေးကာလအတွင်း (၃၇)နှစ်မြောက်ရောက်ရှိခဲ့သည်ထိ တိုင်အောင် စစ်အာဏာရှင်များ၏ အကြမ်းဖက်ဖိနှိပ်ရက်စက်မှုအောက်၌ အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်းနှင့် ၎င်းတို့၏အာဏာတည်မြဲရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်ချေမှုန်းနေသည့် စစ်အာဏာရှင်စနစ်အား အမြစ်ပါမကျန် တွန်းလှန်တိုက်ထုတ်ကြရန် ရန်ကုန်လူထုသပိတ်နှင့် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့မှ နှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။