Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့မှာ အသက်ငါးနှစ်အရွယ်မိန်းကလေးငယ်ကို အိမ်နီးချင်းအမျိုးသားက သတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့မှာ အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီးချင်း အမျိုးသားက သတ်ဖြတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အမှု ဖြစ်ပွားခဲ့တယ်လို့ ရုပ်အလောင်းသွားရောက်သယ်ယူခဲ့တဲ့ ကူညီရေးအဖွဲ့ဝင်ထံကသိရပါတယ်။

သတ်ဖြတ်ပြီးစွန့်ပစ်သွားရာနေရာကနေ ကလေးငယ်ရုပ်အလောင်းကို သယ်ယူနေပုံ။ ဓာတ်ပုံ - နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ

သြဂုတ် – ၁၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့မှာ အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီးချင်း အမျိုးသားက သတ်ဖြတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အမှု ဖြစ်ပွားခဲ့တယ်လို့ ရုပ်အလောင်းသွားရောက်သယ်ယူခဲ့တဲ့ ကူညီရေးအဖွဲ့ဝင်ထံကသိရပါတယ်။

အဲဒီအမှုဟာ ကျောက်မဲမြို့ ၊ ရပ်ကွက် ၈ ၊ အင်ကြင်းတောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ရက်ပိုင်း သြဂုတ်လ ၉ ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။

အိမ်နီးချင်းဖြစ်သူအသက် ၃၂ နှစ်အရွယ် အမျိုးသားက ကလေးကို မုန့်ကျွေးမယ်ဆိုပြီး ခေါ်ဆောင်သွားပြီးနောက်သတ်ဖြတ်ခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကလေးမိဘနဲ့ သတ်တဲ့သူကလည်း အသိတွေပါပဲ”လို့ ကလေးရဲ့ ရုပ်အလောင်းသွားရောက်သယ်ယူခဲ့တဲ့ ကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။

ကလေးငယ်ရဲ့ ဦးခေါင်း နဲ့ နောက်ကျောဘက်မှာ ဒဏ်ရာ တွေရထားတယ်လို့သိရပါတယ်။

သတ်ဖြတ်ပြီးရှောင်ပြေးနေတဲ့အမျိုးသားကိုလည်း ဖမ်းမိထားတယ်လို့သိရပါတယ်။ ကျောက်မဲမြို့ဟာ တအာင်းတပ်မတော် (TNLA) သိမ်းယူထိန်းချုပ်ထားတဲ့မြို့လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။

သတင်း

ကျူးလွန်သူ နှစ်ဦးကို ရဲက ဖမ်းပြီး မုဒိန်းမှုနဲ့ အမှုဖွင့်ထား

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။