Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၁ဦးရှိပြီး အမျိုးသမီး ၁၆ဦးပါဝင်

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက ယမန်နေ့ ဩဂုတ် ၁၄ရက်ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၁ဦးအထိ ရှိလာကြောင်း TNLAက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့ အရှေ့ပိုင်း ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဩဂုတ်−၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက ယမန်နေ့ ဩဂုတ် ၁၄ရက်ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၁ဦးအထိ ရှိလာကြောင်း TNLAက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ည ၈နာရီခွဲတွင်မိုးကုတ်မြို့အရှေ့ပိုင်းရွှေကူရပ်ကွက်ရှိ လင်းရောင် ခြည်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၁၆)ဦး၊ အမျိုးသား (၅)ဦး သေဆုံးခဲ့ရဟု ထုတ်ပြန်သည်။

ယခင်က သေဆုံးသူ ၈ဦးသာရှိကြောင်း TNLAက သတင်းထုတ်ပြန်ထားသော်လည်း ယခုညပိုင်းတွင် သေဆုံးသူဦးရေတိုးလာမှု အခြေအနေကို ထပ်မံအသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦး၊ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၅)လုံးထိမှန်ပျက်စီးခဲ့ဟု အသိပေးသည်။

ဩဂုတ်၉ရက်ကလည်းမိုးကုတ်အရှေ့ပိုင်းရှိကျောက်နဂါးဘုန်းကြီး ကျောင်းကိုစစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့ရာကိုရင်နှင့် ကလေးငယ် အပါအဝင် ၅ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ၅ရက်မြောက်နေ့တွင် မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်း နောက်တခုကို စစ်ကောင်စီက လေကြောင်းထပ်မံ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ည လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်ခဲ့သည်။

ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဗုံးခိုကျင်းများ ပြုလုပ်ထားရန်၊ လေကြောင်းရန် သတိပေးချက်များ နားစွန့်ပြီးလိုက်နာဆောင်ရွက်ရန် ဒေသခံများအချင်းချင်းအကြား နှိုးဆော်ထားပြီးTNLAကလည်း စစ်ရေးသတိရှိရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာများ လိုက်နာဆောင်ရွက်ရန် မကြာခဏ ထုတ်ပြန်တိုက်တွန်းထားသည်။

စစ်ကောင်စီက TNLA သိမ်းပိုက်ထားသည့် မြို့ရွာများကို လေကြောင်းစစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

TNLAနှင့် တအာင်းအရပ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ ဇွန်လနောက်ပိုင်း TNLA ထိန်းချုပ်မြို့ရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၈၀ဦးခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့