Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာစီးတီး သိမ်းယူရေး ကနဦးအဆင့်တွေ အစပြုနေပြီလို့ အစ္စရေးစစ်တပ်ပြော

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော် ဂါဇာစီးတီးကို အလုံးစုံ တိုက်ခိုက်သိမ်းယူမယ့် စစ်ဆင်ရေးရဲ့ ကနဦးအဆင့်တွေ စတင်နေပြီလို့ အစ္စရေး စစ်တပ်က ကြေညာခဲ့ပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော် ဂါဇာစီးတီးကို အလုံးစုံ တိုက်ခိုက်သိမ်းယူမယ့် စစ်ဆင်ရေးရဲ့ ကနဦးအဆင့်တွေ စတင်နေပြီလို့ အစ္စရေး စစ်တပ်က ကြေညာခဲ့ပါတယ်။

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဟာ ဩဂုတ် ၂၀ ကစလို့ ဂါဇာစီးတီးရဲ့ ဇိုင်တွန်နဲ့ ဂျာဘာလီယာ ဧရိယာတွေမှာ ထိုးစစ်ရဲ့ အစောပိုင်း အဆင့်တွေကို အစပြုနှင့်ပြီး ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကက်ဇ်က ဂါဇာစီးတီး တစ်ခုလုံးကို သိမ်းယူမယ့် စစ်ဆင်ရေး စတင်ဖို့ ဩဂုတ် ၂၀ မှာ မီးစိမ်းပြခဲ့ပြီး ဆင်ခြေဖုံး ဧရိယာ တချို့ကို စတင် ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ ဂါဇာစီးတီးကို သိမ်းယူမယ့် စစ်ဆင်ရေးမှာ ပူးပေါင်းဖို့အတွက် အရန်တပ်အင်အား ၆၀၀၀၀ ဝန်းကျင်ကိုလည်း အားဖြည့်ခေါ်ယူထားပါတယ်။ အဲဒီ အရန်တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ လဆန်းပိုင်းမှာ အစ္စရေး စစ်တပ်ဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ စစ်ခင်းနေတဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်ကတော့ အစ္စရေးဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတစ်ခု ဆွေးနွေးဖို့ အားထုတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက် ဖျက်ဆီးနေကြောင်းနဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲတစ်ခု ဆင်နွှဲနေကြောင်း စွပ်စွဲသွားပါတယ်။

Public Service Announcement

Public Service Announcement

မကြာခင်မှာတော့ ဂါဇာစီးတီးမှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်း ပြည်သူတွေဟာ စစ်ရှောင်ဖို့၊ ရွှေ့ပြောင်းဖို့ အမိန့်တွေကို အစ္စရေးဆီကနေ လက်ခံ ရရှိလာနိုင်ပါတယ်။ အနောက်မဟာမိတ် နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကတော့ ဂါဇာစီးတီးကို သိမ်းယူမယ့် အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ရှုတ်ချထားကြပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဂါဇာမှာ ဟားမားစ်ရဲ့ ကြီးစိုးမှုကို အပြီးတိုင် အဆုံးသတ်စေဖို့ဆိုရင် ဂါဇာစီးတီးလိုမျိုး ဟားမားစ်ရဲ့ အမာခံ ခြေကုပ်နယ်မြေ အားလုံးကို ရှင်းလင်းရမှာ ဖြစ်ပြီး အဲဒီထဲမှာ ဂါဇာစီးတီးဟာ ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ တုံ့ပြန် ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။