Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်၍ ကိုရင် ၃ပါးအပါအဝင် ၄ဦး ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင် ၃ပါးနှင့် အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ကျောက်မဲမြိုနယ်၊ ပိန်န္နဲကုန်းရပ်ကွက်အား လေကြောင်းတိုက်ခိုက်၍ ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဩဂုတ်-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင် ၃ပါးနှင့် အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ်၂၅ရက်) နံနက် ၁၁နာရီ ၁၅မိနစ် တွင် ကျောက်မဲမြိုနယ်၊ ပိန်န္နဲကုန်းရပ်ကွက်၊ ဝါဆိုကျောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ပေါင်(၂၅၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့၍ ကိုရင်နှင့် ပြည်သူထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂)လုံး၊ ကျောင်းဆောင် (၄)ဆောင်၊ ကား (၂)စီးထိခိုက်ပျက်စီးခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ဩဂုတ် ၂၃ရက်ကလည်း TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့နယ် ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦးသေဆုံးပြီး သံဃာ ၂ပါး၊ ကိုရင် ၁ပါး အပါအဝင် ၇ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ မိုင်းငေါ့ ဒေသများကို ယခုလအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ပြည်သူလူထု သေဆုံးထိခိုက်များစွာ ဖြစ်ခဲ့ရသည်။ ထိုသို့ လေကြောင်း တိုက်ခိုက်ရာတွင် ဘုန်းကြီးကျောင်းများ အပါအဝင် ပြည်သူနေထိုင်ရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီက ဆက်တိုက်ကျူးလွန်နေ၍ လေကြောင်းရန် ကွာကွယ်နိုင်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ကြရန် TNLA က နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook