Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့မပတ်သက်ဖို့ KNU တပ်မဟာ(၅ )သတိပေး

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးတာတွေမပြုလုပ်ဖို့ KNUတပ်မဟာ (၅)​ကတားမြစ် လိုက်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ဒီနေ့ သြဂုတ်လ ၂၆ ရက်မှာထုတ်ပြန်လာပါတယ်။

KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင် အချို့ကိုတွေ့ရပုံ

သြဂုတ် – ၂၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးတာတွေမပြုလုပ်ဖို့ KNUတပ်မဟာ (၅)​ကတားမြစ် လိုက်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ဒီနေ့ သြဂုတ်လ ၂၆ ရက်မှာထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေကနေ သဘောတူညီချက်ရပြီးကျင်းပတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အပြင်ဖက်ဒရယ်ဒီမိုကရေစီအခြေခံ ဥပဒေနဲ့အညီ ကျင်းပမယ့်ရွေးကောက်ပွဲမဟုတ်တာကြောင့် မြန်မာနိုင်ငံရေး ပဋိပက္ခ တွေကို အဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ KNU တပ်မဟာ (၅ )ကဆိုပါတယ်။

ဒါအပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ မရနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲဟာစစ်မှန်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘဲ စစ်ကောင်စီ ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေ၊ စစ်တပ်ထောက်ခံတဲ့နိုင်ငံရေးပါတီတွေအတွက်သာ အကျိုးကျေးဇူးသက်ရောက်စေမှာဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ လူထုအတွက် အကျိုးကျေးဇူး ရမှာမဟုတ်ဘူးလို့ KNU တပ်မဟာ (၅) က သဘောထားပါတယ်။

အဲဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကို တရားဝင်စေဖို့နဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့သာ ဖြစ်တာကြောင့် KNU တပ်မဟာ (၅ )အနေနဲ့ အသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။

ဒါကြောင့် ဖာပွန်ခရိုင် တပ်မဟာ ( ၅) ထိန်းချုပ်န​ယ်မြေထဲမှာရှိတဲ့ လူထုတွေ ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ၊ လူမှုအဖွဲ့အစည်း တွေ ၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ တိုက်ရိုက် ဒါမှမဟုတ် သွ​ယ်ဝိုက် ပြီး ပါဝင်ပံ့ပိုးတာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။

သတိပေးချက်ကို လိုက်နာမှုမရှိရင်တော့ ခေါ်ယူအသိပညာပေးတာ ၊ သင့်တော်တဲ့ ခေါ်ရာဆီ ခေါ်ယူထိန်းသိမ်းတာ ၊ နယ်နှင်ဒဏ်ပေးတာ တွေ လုပ်ဆောင်သွားမယ်လို့ KNU တပ်မဟာ (၅ ) က ဆိုထားပါတယ်။

KNU အဖွဲ့အစည်းတစ်ခုလုံးအနေ နဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလက်မခံသလို ရွေးကောက်ပွဲမဖြစ်မြောက်ရေးဟာ တစ်မျိုးသားလုံးရဲ့တာဝန်ဖြစ်တယ်လို့ KNU ဥက္ကဋ္ဌ က အခုလအတွင်း တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook