Connect with us

Hi, what are you looking for?

သတင်း

ပုလဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ဇနီးမောင်နှံနှစ်ဦးလုံးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်တပ်က စက်တင်ဘာ ၄ ရက်​နေ့မှာတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လို့ ဇနီးမောင်နှံနှစ်ဦးလုံးသေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

စက်တင်ဘာ-၅၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်တပ်က စက်တင်ဘာ ၄ ရက်​နေ့မှာတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လို့ ဇနီးမောင်နှံနှစ်ဦးလုံးသေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းက မိတ္ထီလာကနေတက်လာတဲ့ဂျက်ဖိုက်တာတစီးဟာပုလဲမြို့နယ်၊ တနယ်ကျေးရွာတောင်ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ပထမတလုံးဟာ ယာကွက်ထဲကျ ပေါက်ကွဲပြီး ထိခိုက်မှုမရှိပေမဲ့ ဒုတိယ တလုံးက​တော့ တနယ်ရွာထဲကျပြီး နေအိမ်တအိမ်က လင်မယားနှစ်ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နေအိမ် ရှေ့ကျရောက်ပေါက်ကွဲတာ။ လင်မယားနှစ်ယောက်မှာ အမျိုးသမီးက ခါးနှစ်ပိုင်းပြတ် သေဆုံးတာ”လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသနေရကာ နွားလေးကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တနယ်ကျေးရွာဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ မီးရှို့ခံရကာ ပြည်သူအချို့လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook