Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမှာငလျင်ကြောင့်ဆိုင်ခန်းတွေပြန်မဖွင့်နိုင်သေးချိန် ဆိုင်ခန်းအားလုံးစက်တင်ဘာလကုန်​နောက်ဆုံးထားမှန်တံခါးတပ်ရမယ်လို့စစ်အုပ်စုအမိန့်ထုတ်

စစ်ကိုင်းငလျင်ကြီးကြောင့်ထိခိုက်ပြိုပျက်မှုအားလုံး မပြုပြင်နိုင်သေးချိန်မှာ မန္တလေးမြို့က ဈေးဆိုင်ခန်း တွေအကုန်လုံးကို စက်တင်ဘာလကုန်​နောက်ဆုံးထားပြီး မှန်တံခါးတပ်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္တလေးစည်ပင်ကအမိန့်ထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးခဲ့သော အဆောက်အအုံတခု နှင့် စစ်အုပ်စု ညွန်ကြားချက်အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

စက်တင်ဘာ−၂၂၊၂၀၂၅၊မေ/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့်ထိခိုက်ပြိုပျက်မှုအားလုံး မပြုပြင်နိုင်သေးချိန်မှာ မန္တလေးမြို့က ဈေးဆိုင်ခန်း တွေအကုန်လုံးကို စက်တင်ဘာလကုန်​နောက်ဆုံးထားပြီး မှန်တံခါးတပ်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္တလေးစည်ပင်ကအမိန့်ထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တာဘာ ၁၁ ရက် ရက်စွဲပါ ထုတ်ပြန်ချက်မှာ ဆိုင်ခန်းအတွင်းမှာပဲပစ္စည်းရောင်းချရန်၊ဆိုင် ဆိုင်းဘုတ်အရွယ်အစား၊အနိမ့်အမြင့် တပြေးညီ တပ်ဆင်ပြီး ပြုပြင်ဖွင့်လှစ်ရောင်းချဖို့၊ ဆိုင်ရှေ့မှာ အမိုး၊အဖီတွေမပြုလုပ်ဖို့၊ ဆိုင်ဝင်ပေါက်မှာ (၄×၇)ပေ မှန်တံခါးဝင်ပေါက်ဆောက်လုပ်အသုံးပြုဖို့ ၊တံခါးမတခု တပ်ဆင်ဖွင့်လှစ်ရောင်းချပေးဖို့နဲ့ ဆိုင်ရှေ့သန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ပေးဖို့ စတာတွေ သတ်မှတ်ထားတာကို စစ်​ကောင်စီရဲ့မန္တ​လေးစည်ပင် ဥက္ကဌကိုယ်စား ၊တွဲဖက်အတွင်း​ရေးမှူး သက်နိုင်ထွန်း ကလက်မှတ်ထိုးထားတဲ့စာမှာ​တွေ့ရပါတယ်။

ဆိုင်ရှေ့မှန်ကန်တာနဲ့(၄×၇)ပေအဝင်ပေါက် ဖောက်လုပ်တပ်ဆင်တာကို စက်တင်ဘာလဆန်းပိုင်းကနေ စက်တင်ဘာ ၃၀ရက်မှာအပြီးတပ်ဆင်ရမယ်လိုဖိအား​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာ မတ်လ၂၈ ရက်က ၇.၇အဆင့်ရှိ ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီးတဲ့ နောက် မန္တလေးဈေးချိုအရှေ့ခြမ်းကတိုက်ခန်းတွေ အားလုံး ဖြိုလိုက်ရတဲ့ဆိုင်ခန်းတွေ အပါအဝင် ဆိုင်ခန်းအများစုဟာ ပြန်လည် ပြုပြင် ရေးလုပ်ငန်း တွေမပြီးစီးသေးချိန်မှာ စစ်ကောင်စီက ယခုလို အမိန့်ထုတ်ခဲ့တာလို့သိရပါတယ်။

“မိန်းထဲက ၇၃လမ်းမ ပေါ်မှာ တောင်အခုထိ ပြန်မဆောက်ရ သေးတဲ့ဆိုင်ခန်း တွေရှိတယ်။ငလျင်ထိတဲ့ ဆိုင်ခန်းတွေ အတွက်ဘာကူညီမှုမှသာမပေးတာ။ဒီဟာက သိပ်မကြာဘူး ခေါင်းစဉ်အမျိုးမျိုးနဲ့ဒဏ် ကြေးလာအုံးမယ်”လို့ ‌‌‌‌‌‌‌ မန္တလေး မြို့ကဆိုင်ခန်းရှင်တဦးက ပြောပါတယ်။

မန္တလေး မြို့မှာ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ ဈေးချိုတော်အပါအဝင်၊New Oceanနဲ့ ၊၇၃လမ်း၊မိန်းတက္ကသိုလ်လမ်းပိုင်းအထိ ဆိုင်ခန်းအများစု ပျက်စီးထားပြီး ပြန်လည်မဖွင့်လှစ်နိုင်သေးတဲ့ ဆိုင်ခန်းတွေရှိ​နေပါ​သေးတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြင်ဦးလွင်မြို့လမ်းမဘေးက စျေးဆိုင်ခန်းတွေကိုလည်း မှန်တံခါးတွေ ပြင်ဆင်တပ်ကြဖို့ အမိန့်ထုတ်ထားပါ​သေးတယ်။ လမ်းမဘေးက စျေးဆိုင်းလေးတွေကိုလည်း ဖယ်ရှားခိုင်းထားပါတယ်။

မြို့သာယာလှပရေးအကြောင်းပြပြီး စျေးဆိုင်တွေ မှန်တံခါးတပ်ခိုင်းတာဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်နဲ့ ပြောဆိုလာတာလို့ ပြင်ဦးလွင်မြို့ခံတွေက ပြောပါတယ်။

” သူနိုင်ငံခြားက တရုတ်တို့ ဘာတို့က ပြန်လာပြီဆို အဲဒီက သူမြင်ခဲ့တာကို စိတ်ကူးယဉ်ပြီး ဒီကလူတွေ လိုက်လုပ်ခိုင်းတာ။ဖြစ်နိုင်လား၊မဖြစ်နိုင်လားဆိုတာ မသိဘူး။ စိတ်ကူးယဉ်ပြီး လုပ်ခိုင်းတာ”လို့ ပြင်ဦးလွင်မြို့ခံတဦးက ပြောပါတယ်။

မန္တ​လေးမြို့က ပြည်သူတဦးက​တော့ အာဏာသိမ်း​ခေါင်း​ဆောင်နဲ့စစ်​ခေါင်း​ဆောင်​တွေဟာ​ဗေဒင်ယတြာကို ယုံကြည်အားကိုးသူ​တွေဖြစ်တာ​ကြောင့် ဆိုင်ခန်း​တွေကို တ​ပြေးညီမှန်တံခါးတက်ခိုင်းတာဟာ ယတြာ​ချေဖို့လုပ်တာလည်းဖြစ်နိုင်တယ်လို့​ပြောပါတယ်။

မန္တ​လေးမြို့မှာဆိုရင်လည်း ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြီး​ကြောင့်ပြည်သူ​ထောင်ချီ​သေဆုံးပြီး အ​ဆောက်အအုံရာ​ပေါင်းများစွာပျက်စီးပြိုကျခဲ့လို့ပြည်သူ​တွေ ပြန်လည်ထူ​ထောင်​ရေးအတွက် အကူအညီ​တွေမရလို့ ကိုယ်ပိုင်အစီအစဥ်နဲ့ရုန်းကန်​နေကြရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။​ငွေ​ကြေးမတက်နိုင်သူ​တွေဟာ ​​နေထိုင်စား​သောက်ဖို့​တောင် မနည်းရုန်းကန်​နေရတယ်လို့​ဒေသခံပြည်သူအချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။