Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ ကရင့်လက်နက် ကိုင်အဖွဲ့သုံးဖွဲ့ ကြေညာ

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ကရင်ပြည်နယ် နဲ့လူထုရဲ့ ဘဝကို အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီး ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ ကရင့်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

စက်တင်ဘာ – ၂၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ကရင်ပြည်နယ် နဲ့လူထုရဲ့ ဘဝကို အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီး ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ ကရင့်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေကောင်စီ(KNU/KNLA PC)နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အဖွဲ့သုံးဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ မနေ့ စက်တင်ဘာလ ၂၈ ရက်မှာ မြဝတီမြို့နယ် ရှိ BGF အမှတ်(၂)

တပ်နယ်ဌာနချုပ် ဖြစ်တဲ့ သေ့ကတေကျေးရွာမှာ တွေ့ဆုံပွဲပြုလုပ်ပြီးနောက် ပူးတွဲ ကြေညာချက်ထုတ်လာတာပါ။

Public Service Announcement

Public Service Announcement

အဲဒီသုံးဖွဲ့မှာ BGF ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKBA နဲ့ KNU/KNLA PC တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

ပူးတွဲကြေညာချက်မှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက နိုင်ငံတည်ငြိမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲ မထိခိုက်အောင်လည်း ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကြေညာချက်မှာဆိုထားပါတယ်။

လက်ရှိ ကရင်ပြည်နယ်ထဲ ကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့အတူ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေ ပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ကရင်ပြည်နယ်မှာ အင်အားအ​ကောင်းဆုံးနဲ့ ​ခေတ်အဆက်ဆက်ပြည်သူနဲ့အတူရပ်တည်ပြီး စစ်အာဏာရှင်​တွေကို ​တော်လှန်ခဲ့တဲ့ ကရင်အမျိုး

သားအစည်းအရုံး (KNU) ဥက္ကဌက​ စစ်တပ်​ရွေး​ကောက်ပွဲ မကျင်းပနိုင်​​အောင် အမျိုးသား​ရေးတာဝန်တစ်ရပ်အ​နေနဲ့ ​​​ ကရင်လူမျိုးတိုင်းကဆောင်ရွက်ကြရမယ်လို့​ပြောကြားထားပါတယ်။ဒါအပြင် KNU ရဲ့ တပ်မဟာအသီးသီးကလည်း စိုးမိုး​ဒေသ​တွေမှာ စစ်တပ်​ရွေး​ကောက်ပွဲကျင်းပခွင့်မပြု​ကြောင်းထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

Facebook