Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ၄ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသားတစ်ဦးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအားတွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး

ဒီဇင်ဘာ-၂၊ ၂၀၂၅ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသားတစ်ဦးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ၂ရက် မနက် ၁၀နာရီ ၅၂မိနစ်ခန့်က စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက်(၃၅)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးသေဆုံးပြီး (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်တွေကိုကူညီနေတဲ့ ရောင်နီနွေဦးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် နေအိမ် အဆောက်အဦး ၂လုံးလည်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေကိုတော့ လေကြောင်းဆိုင်ရာ သတိပေးချက်တွေကို ဂရုစိုက်နားဆင်ပြီး ဘေးလွတ်ရာ ရှောင်ကြဖို့ မှာချင်ပါတယ်”လို့ စဥ့်ကူးနယ်က တော်လှန်ရေးအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စဥ့်ကူးမြို့နယ်ဟာ မိုးကုတ်-မန္တလေးလမ်းပေါ်မှာ တည်ရှိနေပြီး စဥ့်ကူးမြို့အပါအဝင် မိုးကုတ်လမ်းတလျှောက်က စခန်းတွေကိုပါ တော်လှန်ရေးအင်အားစုတွေ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ ​မိုးကုတ်-မန္တလေးလမ်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေပြီး လက်တလောပြန်ရသွားတဲ့ မတ္တရာမြောက်ခြမ်းကနေ စဥ့်ကူးနယ်ထဲကို ဝင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်ကလည်း စဉ့်ကူးမြို့နယ် မာလဲကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိကာ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၃လုံး ပျက်စီးခဲ့ပါတယ်။

နိုဝင်ဘာလ ၂၇ရက်ကလည်း စဉ့်ကူးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးပြီး ပြည်သူ ၁၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။