Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ယာဉ်တန်း ပစ်ခတ်ခံရပြီး စစ်​ကောင်စီတပ်သား​လေးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

“မြေပြင် ဆက်သွယ်ကြည့်တော့ လာတဲ့ ယာဉ်တန်းကို ၄၀နဲ့ ပစ်တယ်လို့ သတင်းရတယ်”ဟု KNU တပ်မဟာ (၁)တာဝန်ရှိသူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ​လေးဦးသေဆုံး ခုနစ်ဦးဒဏ်ရာရရှိခဲ့ဟု တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ဒီဇင်ဘာ ၁ရက် နံနက် ၉နာရီကျော်အချိန်တွင် ကျိုက်ထိုမြို့နယ် ဘိုက္ကားရွာအနီး လမ်းမပေါ်၌ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြေပြင် ဆက်သွယ်ကြည့်တော့ လာတဲ့ ယာဉ်တန်းကို ၄၀နဲ့ ပစ်တယ်လို့ သတင်းရတယ်”ဟု KNU တပ်မဟာ (၁)တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်းဆောင်ရွက်သည်ဟု သတင်းရေးသားမှုရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၁)နယ်မြေတွင် နိုဝင်ဘာအတွင်းက စစ်ကောင်စီတပ်နင့် KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook