ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံး ခုနစ်ဦးဒဏ်ရာရရှိခဲ့ဟု တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
ဒီဇင်ဘာ ၁ရက် နံနက် ၉နာရီကျော်အချိန်တွင် ကျိုက်ထိုမြို့နယ် ဘိုက္ကားရွာအနီး လမ်းမပေါ်၌ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မြေပြင် ဆက်သွယ်ကြည့်တော့ လာတဲ့ ယာဉ်တန်းကို ၄၀နဲ့ ပစ်တယ်လို့ သတင်းရတယ်”ဟု KNU တပ်မဟာ (၁)တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်းဆောင်ရွက်သည်ဟု သတင်းရေးသားမှုရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement
KNU တပ်မဟာ(၁)နယ်မြေတွင် နိုဝင်ဘာအတွင်းက စစ်ကောင်စီတပ်နင့် KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။


















































