Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလားရဲ့ ရေနံတွေက အမေရိကန်နဲ့သာ သက်ဆိုင်တယ်လို့ ထရမ့်ရဲ့ အကြံပေးပြော

ဗင်နီဇွဲလားရဲ့ ရေနံတွေဟာ အမေရိကန်နဲ့ တိုက်ရိုက် သက်ဆိုင်ပြီး ဗင်နီဇွဲလား အစိုးရက ခိုးယူထားတာဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အနီးကပ် အကြံပေး တစ်ဦးက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဗင်နီဇွဲလားရဲ့ ရေနံတွေဟာ အမေရိကန်နဲ့ တိုက်ရိုက် သက်ဆိုင်ပြီး ဗင်နီဇွဲလား အစိုးရက ခိုးယူထားတာဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အနီးကပ် အကြံပေး တစ်ဦးက စွပ်စွဲခဲ့ပါတယ်။

ထရမ့်ရဲ့ အတွင်းစည်း အသိုက်အဝန်းထဲမှာ အနီးကပ်ဆုံး ပါဝင်တဲ့ အကြံပေး တစ်ဦးဖြစ်သူ စတီဖန် မီလာက တောင်အမေရိကတွင်း ဒေသတွင်း နိုင်ငံရဲ့ ရေနံလုပ်ငန်းတွေကို အမေရိကန်က ထူထောင်ပေးခဲ့ပြီး အဲဒီနောက် နိုင်ငံပိုင် သိမ်းယူတဲ့နည်းကို သုံးပြီး ဗင်နီဇွဲလား အစိုးရက ခိုးယူသွားခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ဝန်ထမ်းရေးရာဌာန ဒုတိယ အကြီးအကဲလည်းဖြစ်တဲ့ မီလာက အမေရိကန်ရဲ့ ချွေးတွေ၊ အတွေးအခေါ်တွေ၊ အားထုတ်မှုတွေနဲ့အတူ ဗင်နီဇွဲလား ရေနံလုပ်ငန်းကို စတင် ဖန်တီးခဲ့ကြောင်း၊ ဒါပေမဲ့ လုပ်ငန်းတွေကို နိုင်ထက်စီးနင်း သိမ်းယူသွားခြင်းဟာ သမိုင်းတလျှောက်မှာ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝမှုတွေကို အကြီးမားဆုံး ခိုးယူမှု ဖြစ်ခဲ့ကြောင်း၊ နောက်တော့ အဲဒီလို မတရား ရယူသွားတဲ့ ကြွယ်ဝမှုတွေကို သုံးပြီး ဗင်နီဇွဲလား အစိုးရဟာ အကြမ်းဖက် ဝါဒကို ရန်ပုံငွေ ထောက်ပံ့ပေးခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို သုံးပြီး အမေရိကန်ရဲ့ လမ်းတွေပေါ်မှာ လူသတ်သမားတွေ၊ ကြေးစားတွေနဲ့ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေအောင် ဗင်နီဇွဲလားက ကြံစည်ခဲ့ကြောင်းလည်း ဆိုပါတယ်။

ဗင်နီဇွဲလား ရေနံလုပ်ငန်းတွေကို အမေရိကန်ရဲ့ ပိုင်ဆိုင်မှုလို့ သုံးနှုန်းခဲ့တဲ့ မီလာရဲ့ စကားကြောင့် လက်ရှိ ဗင်နီဇွဲလားနဲ့ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ သဘောထား အမှန်က ပိုပြီး မေးခွန်းထုတ်စရာ ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ဗင်နီဇွဲလားကနေ အမေရိကန်ဆီ မူးယစ်ဆေးဝါး မှောင်ခို တင်ပို့မှုတွေကို တားဆီးဖို့ ရည်ရွယ်ပြီး ဗင်နီဇွဲလား တဝိုက်မှာ တပ်တွေ ဖြန့်ထားတာလို့ ပြောပေမယ့် ဗင်နီဇွဲလား သမ္မတ မာဒူရိုကတော့ ထရမ့်ဟာ ဗင်နီဇွဲလားရဲ့ ရေနံရင်းမြစ်တွေကို မျက်စိကျနေတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဗင်နီဇွဲလား ရေနံတူးဖော်မှု လုပ်ငန်းတွေရဲ့ အစောပိုင်း ကာလတွေမှာ အမေရိကန်နဲ့ ဗြိတိန် ကုမ္ပဏီတွေက ဦးဆောင်ခဲ့ပေမယ့် အချုပ်အခြာနဲ့ သဘာဝ သယံဇာတများဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ အရတော့ ဗင်နီဇွဲလားက ထွက်တဲ့ ရေနံဟာ ဗင်နီဇွဲလားနဲ့သာ သက်ဆိုင်ပါတယ်။

ဗင်နီဇွဲလားဟာ ၁၉၇၆ ခုနှစ်မှာ ရေနံတူးဖော် ထုတ်လုပ်မှုတွေကို နိုင်ငံပိုင်အဖြစ် ထိန်းချုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ လက်ဝဲယိမ်း သမ္မတ ဟူဂို ချားဗက်ဇ်က ပြည်တွင်းက ရေနံထုတ်လုပ်ရေး ကဏ္ဍမှာ လက်ကျန် လည်ပတ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။ အဲဒီအတွက် အမေရိကန် လုပ်ငန်းစုတွေဖြစ်တဲ့ ConocoPhillipsနဲ့ Exxon Mobileတို့ဟာလည်း ဗင်နီဇွဲလား ရေနံ စျေးကွက်ထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။