Connect with us

Hi, what are you looking for?

သတင်း

လူစုလူဝေးမလုပ်ဖို့နဲ့ ဗုံးခိုကျင်တူးထားကြဖို့ တန့်ဆည် ပလဖ အသိပေး

အာဏာသိမ်းစစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်းကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လူစုလူဝေးတွေ မပြုလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ရက်မှာ အသိပေးတိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ – ၂၀ ၊၂၀၂၅ ၊ ဆိုင်းမင်း /People’s Spring

အာဏာသိမ်းစစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်းကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လူစုလူဝေးတွေ မပြုလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ရက်မှာ အသိပေးတိုက်တွန်းလိုက်ပါတယ်။

အဲဒီအသိပေးတိုက်တွန်းချက်မှာ ဒေသခံပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ တူးထားဖို့ အကြုံပြုထားတာပါ။

စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင် လာတယ်လို့လည်းတန့်ဆည်မြို့ပြည်သူ့လုံခြုံရေးအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တန့်ဆည်နယ်အနောက်ခြမ်း သပြေရင်းရွာဖက်ကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချူပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

တန့်ဆည်အပြင် စစ်ကိုင်းတိုင်းထဲက ရေဦး၊ ဒီပဲယင်း၊ခင်ဦး၊တန့်ဆည်၊ဘုတလင်၊ရွှေဘို၊ဝက်လက်၊ကနီ၊မင်းကင်း စတဲ့ မြို့နယ်တွေမှာလည်း ဂျက်တိုက်လေယာဉ် ၊ ဂျိုင်ရိုကော်ပတာတွေသုံးပြီး ဒီဇင်ဘာလအတွင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ထားပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်ဆိုရင်လည်း ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ဗျုဟာလမ်းပိုင်းကို ဗုံးကြဲတာကြောင့် အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးကာ လမ်းပိုင်းမှာ ပိတ်မိနေတဲ့ ကုန်ကား ၊ခရီးသွားကား၊ ဆီသယ်ယာဉ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook