Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဒီကနေ့ (ဒီဇင်ဘာ ၂၁ရက်)ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ်တိုက်ပွဲအတွင်းတွေ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - လောင်းလုံး ပကဖ

ဒီဇင်ဘာ-၂၁၊၂၀၂၅။မိုမို/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဒီကနေ့ (ဒီဇင်ဘာ ၂၁ရက်)ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က လောင်းလုံးမြို့ပေါ်ကနေ အင်အား ၁၀၀ကျော်နဲ့ မြို့တောင်ဘက်ခြမ်းကကျေးရွာတွေကို နိုဝင်ဘာ ၁၀ရက်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ဆိုပါတယ်။

နိုဝင်ဘာ ၁၀ ရက်မှာ ညင်းမော်ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ၁နာရီကျော်ကြာတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဒီဇင်ဘာ ၁၂ရက်မှာ ညင်းမော်ရွာကနေ ရင်းဘုတ်ကျေးရွာဆီအုန်းတောကို စစ်ကြောင်းထပ်ဖြန့်လာတဲ့ စစ်ကောင်စီတပ်ကို မနက်ပိုင်းကနေ နေ့လယ် ၁နာရီဝန်းကျင်အထိ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တာကြောင့် အထိနာပြီး လောင်းလုံးမြို့ပေါ်အထိ စစ်ကြောင်းဆုတ်ခွာခဲ့ရတယ်လို့ လောင်းလုံးပကဖက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ပြဲရွာဝင်လာပြီး စစ်ပြဲဘုန်းကြီးကျောင်းအနီး တပ်စွဲနေစဥ်မှာ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ မြို့အတွင်း ပြန်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၅ရက်မှာ လောင်းလုံးမြို့ပေါ်ကနေ လက်သည်းရှည်တောင်ကို တက်လာတဲ့ စစ်ကြောင်းကလည်း ဒရုန်းထိမှန်ပြီး လောင်းလုံးမြို့ပေါ်ကို ပြန်ဆုတ်ရတယ်လို့ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၂ဦးသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်းအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် သုံးဦးကျဆုံးပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

“လောင်းလုံးမြို့ပေါ်မှာတော့ စစ်ကြောင်းတွေရှိနေဆဲပဲ”လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းကို လောင်းလုံး ပကဖ၊DNLA(ဒရုန်းအဖွဲ့)၊နွေဦးပြောက်ကျား တပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နဲ့ ဒေါနတပ်ခွဲ(၇)တို့ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်က စစ်​ကောင်စီစစ်ကြောင်းတွေမှာ ခမရ(၄၀၆)၊ (၄၀၉)နဲ့ ခလရ(၂၆၇) တပ်ရင်းတွေ ရောက်နေပါတယ်။အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့က တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ခိုလှုံတာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

Facebook