Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ ဘတ်စ်ကားပေါ် တိုက်ပြိုကျလို့ ၉ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယား နိုင်ငံမှာ ဘတ်စ်ကားပေါ် လူနေတိုက်အိမ် ပြိုကျလို့ အနည်းဆုံး လူ ၉ ဦးလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဇွန်လ ၉ ရက်က နိုင်ငံတောင်ပိုင်း၊ ဂွမ်ဂျူမြို့မှာရှိတဲ့ ၅ ထပ်တိုက်တစ်လုံး ပြိုကျခဲ့တာ ဖြစ်ပါတယ်။ တိုက်ပြိုချိန်မှာ လူ ၁၇ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားက တိုက်အောက်တည့်တည့် လမ်းပေါ်မှာ ရှိနေခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

လက်ရှိ အချိန်ထိ အသေအပျောက် ၉ ဦး စာရင်း အတည်ပြုထားပြီး ၈ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီး အပျက်အစီးပုံ အောက်မှာ ပိတ်မိနေသူတွေကို ဖြန့်ကျက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

တိုက်ပြိုကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ အဲဒီတိုက်ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင် သတ်မှတ်နေရာ တစ်ခုဖြစ်ပြီး တိုက်မပြိုခင် ကတည်းက ဆောက်လုပ်ရေး လုပ်သားတွေ ထွက်ခွာထားတယ်လို့ ဆိုပါတယ်။ အနီးတဝိုက်က လမ်းတွေကိုလည်း ယာယီ ပိတ်ထားပေမယ့် ဘတ်စ်ကားက ဘယ်လိုဘယ်ပုံ ရောက်လာသလဲ ဆိုတာ အဖြေရှာနေဆဲပါ။

ဒေသခံတွေကတော့ တိုက်ပြိုကျချိန်မှာ တော်လဲသံကြီးလို ကြားလိုက်ရပြီး ဖုန်မှုန့်တွေ ထောင်းထောင်း ထသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ ဘတ်စ်ကားပေါ်တည့်တည့် တိုက်ပြိုကျသွားတာကို တွေ့နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဖြစ်နေတာကြောင့် မဟုတ်ဘဲ ငြိမ်းချမ်းတဲ့ ကာလတွေမှာ အဆောက်အအုံ ပြိုကျမှုကြောင့် လူအများဆုံး သေဆုံးတဲ့ စံချိန်ဆိုးကို တောင်ကိုရီးယားက ပိုင်ဆိုင်ထားပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ဆိုးလ်မြို့မှာရှိတဲ့ ဆမ်ပွန်း စျေးဝယ်စင်တာ ပြိုကျရာက လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။