Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ရဲ့ ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး ၁၅ နှစ်အကြာမှာ ပြန်လည်ပတ်လာ

ကမ္ဘာပေါ်မှာ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို ၁၅ နှစ်နီးပါး ကြာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ဂျပန်က ပြန်လည်စတင် လည်ပတ်စေခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို ၁၅ နှစ်နီးပါး ကြာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ဂျပန်က ပြန်လည်စတင် လည်ပတ်စေခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ဂျပန်မှာ မဂ္ဂနီကျု ၉.၁ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေ ထိခိုက် အက်ကွဲခဲ့ပြီး ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူ့သမိုင်းမှာ အဆိုးဆုံး အနုမြူ ကပ်ဘေးတစ်ခုနဲ့ ကြုံခဲ့တဲ့နောက် တိုကျိုမြို့ အနောက်မြောက်ဖက်မှာရှိတဲ့ ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံ အပါအဝင် နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေကို နှစ်တွေနဲ့ချီကြာအောင် ပိတ်သိမ်းထားစေခဲ့ပါတယ်။ ကာရှီဝါဇာကီ-ကာရီဝါဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဓာတ်အား လိုအပ်ချက်ကြောင့် ဂျပန်အစိုးရဟာ ပိတ်သိမ်းထားတဲ့ စက်ရုံတွေထဲက တချို့ကို မွမ်းမံအားဖြည့်မှုတွေ လုပ်ဆောင်စေပြီး တစ်ဆင့်ချင်းစီ ပြန်လည် ဖွင့်လှစ်နေပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ ကာရှီဝါဇာကီ-ကာရီဝါရဲ့ နံပါတ် ၆ ဓာတ်ပေါင်းဖိုကိုလည်း ပြန်ပြီး လည်ပတ်စေခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတဲ့တိုင် အဲဒီ စက်ရုံကို ပြန်လည် အသက်သွင်းဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စက်ရုံထဲက အန္တရာယ် အချက်ပေး ဥဩစနစ်မှာ ချွတ်ယွင်းချက် ရှိနေတာကို ရှာတွေ့ခဲ့တဲ့နောက် စက်ရုံ ဖွင့်လှစ်မှုကို တစ်ရက် နောက်ဆုတ်ခဲ့ရပါသေးတယ်။ စက်ရုံရဲ့ ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းတွေ ပြန်စနေပြီ ဖြစ်ပေမယ့် စီးပွားဖြစ် ဓာတ်အားဖြန့်ဖြူးမှုကိုတော့ ဖေဖော်ဝါရီ လကျမှ စတင်မယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ပကနေ စွမ်းအင် တင်သွင်းမှုကို အကြီးအကျယ် မှီခိုနေခဲ့ရတဲ့နောက် ဂျပန်ဟာ အစောပိုင်းတုန်းက နျူကလီးယား စွမ်းအင်အပေါ် မှီခိုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ငလျင်ကြီး အပြီးမှာတော့ ဂျပန်ရဲ့ နျူကလီးယား စွမ်းအင် ထုတ်လုပ်ရေး ဓာတ်ပေါင်းဖို ၅၄ ခုစလုံးကို ပိတ်သိမ်းစေခဲ့ပါတယ်။

ကာရှီဝါဇာကီ-ကာရီဝါက ဓာတ်အား ထုတ်လုပ်မှုဟာ အင်ပြည့်အားပြည့် လည်ပတ်ဖို့တော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ စက်ရုံရဲ့ ဓာတ်ပေါင်းဖို အမှတ် ၇ ကို ၂၀၃၀ ပြည့်နှစ်ထိ ပြန်အသက်သွင်းနိုင်ခြေ မရှိသေးသလို ကျန်တဲ့ ဓာတ်ပေါင်းဖိုတွေကိုလည်း အနားပေးဖို့ စီစဉ်ထားပါတယ်။ ဓာတ်ပေါင်းဖို ၇ ခုစလုံး အင်ပြည့်အားပြည့် လည်ပတ်နိုင်ချိန်တုန်းကတော့ ဓာတ်အား ၈.၂ ဂဂ္ဂါဝပ်ထိ ထုတ်ပေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

Facebook