Connect with us

Hi, what are you looking for?

သတင်း

မန္တလေးရွေးကောက်ပွဲကျင်းပချိန် ပျံကျစျေးတွေ ပိတ်ခိုင်းထား

အာဏာသိမ်းစစ်ကောင်စီရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းက ဒီနေ့ (ဇန်န ဝါရီလ ၂၅ ရက်​)မှာကျင်းပတဲ့ရွေးကောက်ပွဲအပိုင်း(၃)မှာ ပါဝင်တဲ့ မန္တလေးက မြို့ နယ်နှစ်ခုမှာ ပျံကျစျေးတွေ အပါအဝင် လမ်းဘေး စျေးဆိုင်တွေကို ပိတ်ခိုင်းခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

ဇန်နဝါရီ – ၂၅ ၊၂၀၂၆ ၊ ဆိုင်းမင်း /People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းက ဒီနေ့ (ဇန်န ဝါရီလ ၂၅ ရက်​)မှာကျင်းပတဲ့ရွေးကောက်ပွဲအပိုင်း(၃)မှာ ပါဝင်တဲ့ မန္တလေးက မြို့ နယ်နှစ်ခုမှာ ပျံကျစျေးတွေ အပါအဝင် လမ်းဘေး စျေးဆိုင်တွေကို ပိတ်ခိုင်းခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

ချမ်းမြသာစည်နဲ့ ပုသိမ်ကြီးမြို့နယ် ထဲကပျံကျစျေးတွေ၊လမ်းဘေးစျေးဆိုင်တွေ ကို ရွေးကောက်ပွဲမတိုင်ခင်နဲ့ရွေးကောက်ပွဲရက်နှစ်ရက်တာ ပိတ်ခိုင်းခဲ့တာပါ။

လမ်းဘေးမှာ ဗန်းခင်းရောင်းချတဲ့ ပျံကျစျေးသည်တွေ စျေးရောင်းတာ နှစ်ရက်နားထားရမှာဖြစ်ပြီးမလိုက်နာရင်အရေးယူမယ်ဆိုတာခြိမ်း ခြောက်ထားတာလို့ မြို့ခံအချို့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ပေါ်မှာလည်းရွေးကောက်ပွဲအပိုင်း(၃)မတိုင်ခင်တစ်ပတ်လောက်အလိုကတည်းက လမ်းတွေမှာ လုံခြုံရေး အင်အားတိုးချပြီး တားဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၃)မှာ မန္တလေးတိုင်းက ချမ်းမြသာစည် ၊ ပုသိမ်ကြီး ၊ မြစ်သား ၊ တောင်သာ ၊ မလှိုင် ၊ မြင်းခြံ ၊ ငါန်းဇွန်နဲ့ သပိတ်ကျင်းမြို့နယ်တို့ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ဆန္ဒပြပွဲ ဖြစ်ခဲ့တဲ့ စျေးချိုအနီးက စျေးတန်းကို စစ်ကောင်စီလက်အောက်ခံ စည်ပင်က ဖျက်ဆီးပုံ

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။