Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆင်အုပ်လိုက်လို့ ထွက်ပြေးရင်း ဇမ်ဘီယာ နိုင်ငံသားတစ်ဦး မိကျောင်းကိုက် ခံရပြီးသေဆုံး

ဇမ်ဘီယာ နိုင်ငံသား တစ်ဦးဟာ ဆင်တွေလိုက်လို့ ထွက်ပြေးရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

ဇမ်ဘီယာ နိုင်ငံသား တစ်ဦးဟာ ဆင်တွေလိုက်လို့ ထွက်ပြေးရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

ဒီကိစ္စဟာ ရယ်စရာလို ဖြစ်နေပေမယ့် အမှန်တကယ် ကြုံတွေ့ခဲ့တဲ့ အခြေအနေ တစ်ခုပါ။ အသက် ၅၂ နှစ်အရွယ် တံငါသည် အမျိုးသားဟာ ဇမ်ဘီယာနိုင်ငံ အရှေ့ပိုင်းမှာ တောဆင်ရိုင်းအုပ်က လိုက်လံ ရန်မူလို့ ထွက်ပြေးရင်း မိကျောင်းနဲ့ တည့်တည့်တိုးခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့တုန်းက ဒင်း ညီရန်ဒါဟာ သူငယ်ချင်း နှစ်ဦးနဲ့အတူ ငါးဖမ်းပြီး ပြန်အလာမှာ ဆင်အုပ်နဲ့ တည့်တည့် တိုးခဲ့ပါတယ်။ သူတို့ သုံးယောက်လည်း ဆင်တွေလိုက်လို့ တကွဲတပြားစီ ထွက်ပြေးရင်း ညီရန်ဒါကတော့ လူယန်ဂါမြစ်ထဲ စီးဝင်တဲ့ ချောင်းတစ်ခုထဲ ဆင်းပြေးခဲ့ပါတယ်။

အဲဒီနေရာမှာ ညီရန်ဒါရဲ့ ညာဖက်ပေါင်ကို မိကျောင်းတစ်ကောင်က လှမ်းကိုက်ခဲ့တာလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ရောဘတ်ဆန် မီယမ်ဘာက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ ညီရန်ဒါက အနီးမှာရှိတဲ့ တုတ်တစ်ချောင်းကို ကောက်ယူပြီး မိကျောင်းကို အကြိမ်ကြိမ် ရိုက်ရင်း လွတ်မြောက်ပြီး ချောင်းဘေးနားကို ပြန်တွားသွား တက်လာနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခပ်လှမ်းလှမ်းကနေ ကြောက်လန့်တကြား ကြည့်နေခဲ့တဲ့ တခြားတံငါသည် နှစ်ဦးလည်း အဲဒီကျမှ ညီရန်ဒါကို သွားကူပြီး သွေးတိတ်အောင် ကြိုးစားခဲ့ကြပါတယ်။ သူတို့ အစွမ်းကုန် ကြိုးစားကြပေမယ့် ကံဆိုးစွာနဲ့ပဲ ညီရန်ဒါ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့လည်း မီယမ်ဘာက ဆိုပါတယ်။

ရဲတွေက အခင်းဖြစ်တဲ့ နေရာကို ရောက်သွားပြီး သေမှုသေခင်း စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့အခါ သေဆုံးသူရဲ့ ပေါင်မှာ ကြီးမားပြီး နက်ရှိုင်းတဲ့ ကိုက်ရာတွေကို တွေ့ရှိခဲ့ပါတယ်။

လူယန်ဂါမြစ်ဟာ ဇမ်ဘီယာ တောင်ပိုင်းမှာရှိတဲ့ လူယန်ဂါ အမျိုးသား ဥယျာဉ် သစ်တောဇုန်ကို ဖြတ်သန်း စီးဆင်းပါတယ်။ အဲဒီ မြစ်ထဲမှာတော့ ကမ္ဘာပေါ်မှာ ရန်အလိုဆုံး မိကျောင်းမျိုးစိတ်ဖြစ်တဲ့ နိုင်းလ်စ် မိကျောင်းတွေ အများအပြား ကျက်စားနေထိုင်ပါတတယ်။

အာဖရိက တောင်ပိုင်းမှာရှိတဲ့ ဇမ်ဘီယာ နိုင်ငံဟာ တောဆင်ရိုင်းတွေလည်း ပေါများပြီး ဆင်နဲ့ လူသားတွေကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဘာသာရေး ပွဲတော်တစ်ခုအတွက် အသုံးပြုဖို့ ခေါ်ဆောင်လာတဲ့ ဆင်ကြီးတစ်ကောင် လွတ်သွားပြီး သောင်းကျန်းရာက အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သလို ပျက်စီးမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

အတွေးအမြင်

Scorpio/People’s Spring ဒီမနက်နိုးနိုးချင်း ဖုန်းဖွင့်ချိန် စိတ်ထိခိုက်စရာ သတင်းတစ်ခုနဲ့ တိုးပါတယ်။ အာဏာသိမ်းကာလ ၅ နှစ်အတွင်း သတင်းဆိုးနဲ့အိပ်၊ သတင်းဆိုးနဲ့နေ၊ သတင်းဆိုးနဲ့ နိုးထခဲ့ရတဲ့ကာလမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီတခါဖြစ်စဥ်ကဆင်ကြီးတစ်ကောင်အကြောင်းပါ။ မနေ့က ကျောက်ဆည်နယ်က လက်ဝဲစုဆိုတဲ့ရွာတစ်ရွာမှာ ဆင်နဲ့အလှူလှည့်ချိန် အပေါ်ကဓါတ်ကြိုးနဲ့ဆင်နဲ့တိုက်မိပြီး ဆင်ဓာတ်လိုက်သေဆုံးခဲ့တဲ့သတင်းပါ။ ဆင်ဦးစီး၊...

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က လက်ဝဲစုကျေးရွာမှာ အလှူလှည့်နေတဲ့ ဆင်တော် ဓာတ်ကြိုးနဲ့ထိပြီး ဆင်သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။