Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ဆင်ကြီးတစ်ကောင် လွတ်သွားပြီး သောင်းကျန်း၊ ကားတွေ ဖျက်ဆီးခံရပြီး လူတစ်ဦး သေဆုံး

အိန္ဒိယ နိုင်ငံမှာ ဘာသာရေး ပွဲတော်တစ်ခုအတွက် အသုံးပြုဖို့ ခေါ်ဆောင်လာတဲ့ ဆင်ကြီးတစ်ကောင် လွတ်သွားပြီး သောင်းကျန်းရာက အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သလို ပျက်စီးမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံမှာ ဘာသာရေး ပွဲတော်တစ်ခုအတွက် အသုံးပြုဖို့ ခေါ်ဆောင်လာတဲ့ ဆင်ကြီးတစ်ကောင် လွတ်သွားပြီး သောင်းကျန်းရာက အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သလို ပျက်စီးမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

မေလ ၁ ရက်နေ့တုန်းက အိန္ဒိယတောင်ပိုင်း၊ ကီရာလာ ပြည်နယ်ထဲက ဘုရားကျောင်း တစ်ခုရဲ့ စီတန်းလှည့်လည်ပွဲအတွက် ထရပ်ကားပေါ် တင်ဆောင်လာတဲ့ ဆင်ကြီးဟာ ထူးခတ်ထားတဲ့ သံကြိုးတွေကနေ လွတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အနီးတဝိုက်မှာ ရှိတဲ့ ကားတွေကိုပါ နှာမောင်းတွေနဲ့ ဆွဲမွှေ့ခဲ့ပြီး သူ့ကို တင်ဆောင်လာတဲ့ ထရပ်ကား ယာဉ်မောင်းကိုပါ သတ်ပစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ နောက်ထပ် လူတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၄၀ အရွယ် ဗစ်ရှနူးဆိုသူ ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ဆင်ကြီးဟာ ယာဉ်မောင်းကို နှာမောင်းနဲ့ပတ်ပြီး ဆွဲယူခဲ့တဲ့နောက် အစွယ်နဲ့ ထိုးခဲ့သလို နောက်ဆုံးမှာ နင်းသတ်ပစ်လိုက်တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ဆင်ကြီးဟာ ကားတွေကို ဒေါသတကြီး အစွယ်နဲ့ လိုက်ထိုးနေပြီး ဖျက်ဆီးနေတဲ့အချိန် လူတွေက ကူရာကယ်ရာမဲ့စွာနဲ့ ရပ်ကြည့်နေခဲ့ကြတာကို တွေ့ရပါတယ်။ ဆင်ကြီးဟာ အုန်းပင်တစ်ပင်ကိုပါ ချိုးပစ်ခဲ့ပြီး အတော်ကြီး သောင်းကျန်းနေခဲ့ပါတယ်။

အဲဒီနောက် ဆင်တွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်သူတွေ စုစည်းထားတဲ့ အထူးအဖွဲ့ တစ်ခုကို အခင်းဖြစ်ရာ နေရာဆီ ခေါ်ယူခဲ့ရပါတယ်။ သူတို့က ၄ နာရီလောက် အချိန်ယူပြီးတဲ့နောက် ဆင်ကြီးကို မေ့ဆေးနဲ့ အောင်အောင်မြင်မြင် ပစ်ဖမ်းနိုင်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အပြီး နာရီပိုင်းလောက် အကြာမှာပဲ အီရင်ဂျာလာကူဒါ ဒေသက ဘုရားကျောင်း တစ်ခုနားမှာ ဝင်းထဲမှာ ချုပ်နှောင်ထားတဲ့ ဆင်ကြီးတစ်ကောင် လွတ်မြောက်သွားပြီး ဆင်ထိန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေခဲ့ပြီး နောက်ထပ်တစ်ယောက်လည်း ဆေးရုံရောက်သွားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: People

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook