Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ ရေဘေးကြောင့် လူ ၇ ဦး သေဆုံး၊ ပြည်သူ ၂၅၀၀၀ ကျော် ရေဘေးသင့်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

(ဒီပဲယင်းမြို့နယ်အတွင်း ရေကြီးနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓာတ်ပုံံ-ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ)

သြဂုတ် ၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း ရေ​​ဘေးကြောင့် ချောင်းရိုးကျေးရွာက အမျိုးသမီး (၆)ဦး၊ ကြူတောကျေးရွာ က အမျိုးသမီး (၁)ဦး စုစုပေါင်း(၇)ဦး သေဆုံးခဲ့ရကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့နယ်အတွင်းရှိ ရုံးသာ၊သပြေသာ၊ဝဲကြီး၊ကုန်းကြီး၊ချောင်းပေါက်၊နများ၊မူးရိုးကုန်း၊ပေါက်ရင်း၊လက်ဆည်၊မစိုးရိမ်၊ကြူတော၊မူးသစ်၊လက်လှုပ်(တ)၊အုဌ်ဆည်၊မူးကမ်းဆူးတပ်၊လက်လှုပ်(မ)၊မြကန်သာ၊ဆင်ကျွန်၊သစ်ဆိမ့်၊ချောင်းမီးတို၊ကျွဲတိုးခြုံ စတဲ့ ကျေးရွာပေါင်း ၂၁ ရွာက အိမ်ထောင်စုပေါင်း(၅၀၆၄)စု လူဦးရေ ကျား(၁၁၃၀၁)ဦး၊ မ (၁၄၃၂၃)ဦး၊ စုစုပေါင်း၂၅၆၂၄ ဦး ရေဘေးအန္တရာယ်တွေ့ကြုံနေရကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လက်ရှိရေဘေးသင့်ပြည်သူတွေ ထွက်နိုင်တဲ့သူတွေ ရေလွတ်ရာထွက်နေကြပြီး မထွက်နိုင်တဲ့ ကျေးရွာကပြည်သူတွေကတော့ ဖြစ်သလို အထပ်မြင့်အဆောက်အအုံတို့၊ အိမ်မှာ ကုတင်ဆင့်ပြီး နေရတာတွေရှိပါတယ်။ လိုအပ်ချက်တွေကတော့အများကြီးရှိတာပေါ့။ အစားအသောက်၊ဆေးဝါး၊ရေ အကုန်လိုအပ်နေတာပါပဲ”လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၆ သြဂုတ် ၈ ရက်အထိရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီးလူဦးရေ ၂၂၄,၈၄၇ ခန့်ရေ ဘေးသင့်နေကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန် အသိပေးပါတယ်။

မိုးကြီးတာနဲ့ ဆည်ရေတွေ ဖော်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ လူသေဆုံးမှုတွေ၊ အိမ်ခြေတွေ ပျက်စီးတာတွေနဲ့ အရေးပေါ် ရွှေ့ပြောင်းရတာတွေ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ အထက်ပါဌာနက ထပ်မံအသိပေးပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်