Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ရုရှား တိုက်ခိုက်ရင် အမေရိကန် တုံ့ပြန်မယ်လို့ ပူတင်ကို ဘိုင်ဒန် သတိပေး

အမေရိကန်နဲ့ ရုရှားတို့ရဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အွန်လိုင်းကနေ ပြုလုပ်တဲ့ ရှားရှားပါးပါး အစည်းအဝေးမှာ ဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ ရုရှားတပ်တွေ ယူကရိန်း နယ်နိမိတ်နားမှာ စုရုံးနေတာကို အမေရိကန် အနေနဲ့ အထူးတလည် စိုးရိမ်တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

ရုရှားကသာ ယူကရိန်းကို ကျူးကျော်ခဲ့မယ်ဆိုရင် အမေရိကန်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ စီစဉ်ထားကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ရဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အွန်လိုင်းကနေ ပြုလုပ်တဲ့ ရှားရှားပါးပါး အစည်းအဝေးမှာ ဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ ရုရှားတပ်တွေ ယူကရိန်း နယ်နိမိတ်နားမှာ စုရုံးနေတာကို အမေရိကန် အနေနဲ့ အထူးတလည် စိုးရိမ်တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

တကယ်လို့သာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်လာမယ်ဆိုရင် စီးပွားရေးအရ ပိတ်ဆို့ အရေးယူတာ အပါအဝင် အမေရိကန်ဆီက တခြားသော တုံ့ပြန်မှုတွေကိုပါ မျှော်လင့်ထားသင့်တယ်လို့ ဘိုင်ဒန်က ပူတင်ကို အသိပေးသွားပါတယ်။

ရုရှားဟာ ၂၀၁၄ တုန်းကလည်း ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို ဒီနေ့ထိ ထိန်းချုပ် သိမ်းပိုက်ထားခဲ့ပါတယ်။ အမေရိကန်ဟာ ၂၀၁၄ တုန်းကနဲ့ မတူညီတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီလို့လည်း ဘိုင်ဒန်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်နဲ့ ပူတင်တို့ရဲ့ ဆွေးနွေးပွဲက အချက်အလက် တချို့ကို အမေရိကန် အစိုးရရဲ့ လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ်ဆူလီဗန်က သတင်းမီဒီယာတွေဆီ အသိပေး ပြောကြားခဲ့ပါတယ်။ ဘိုင်ဒန်နဲ့ တွေ့ဆုံချိန်မှာ ပူတင်ကတော့ ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိကြောင်းနဲ့ ယူကရိန်းကသာ ရုရှားကို မထိတထိ ရန်လာစနေတာလို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ ရုရှား နယ်နိမိတ်နားမှာ အနောက်အုပ်စု မဟာမိတ်တွေရဲ့ စစ်တပ်တွေ တိုးမြှင့် ဖြန့်ကျက်မလာအောင် အာမခံချက် ပေးဖို့လည်း ပူတင်က တိုက်တွန်းခဲ့ပါတယ်။

ပူတင်နဲ့ တွေ့ဆုံမှု အပြီးမှာ ယူကရိန်း လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘိုင်ဒန်က ဥရောပ ထိပ်တန်း ၄ နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။ ယူကရိန်း နယ်စပ်နားမှာ ရုရှားစစ်သည် ၉ သောင်းကျော်ဟာ အကြီးစား စစ်လက်နက်တွေနဲ့အတူ စုရုံးနေကြောင်းလည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။