Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို အခုနှစ်ထဲမှာ လက်ခံရရှိလာမယ်လို့ဆို

အင်ဒိုနီးရှား ရေတပ်ဟာ ပထမဆုံး လေယာဉ်တင် သင်္ဘောတစ်စီးကို အခုနှစ်ထဲမှာ ပိုင်ဆိုင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

အင်ဒိုနီးရှား ရေတပ်ဟာ ပထမဆုံး လေယာဉ်တင် သင်္ဘောတစ်စီးကို အခုနှစ်ထဲမှာ ပိုင်ဆိုင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

အင်ဒိုနီးရှား မီဒီယာ တစ်ခုဖြစ်တဲ့ Antaraက အဲဒီသတင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖော်ပြခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အီတလီက စစ်ရေး အထောက်အပံ့ အနေနဲ့ လွှဲပြောင်းပေးမယ့် Guiseppe Garibaldi လေယာဉ်တင် သင်္ဘောကြီးကို အခုနှစ်ထဲမှာ လက်လွှဲယူသွားမှာ ဖြစ်ပါတယ်။

Guiseppe Garibaldiကို အီတလီ အစိုးရက လက်လွှဲပေးမှာဖြစ်ကြောင်း၊ အင်ဒိုနီးရှား အစိုးရ အနေနဲ့ အဲဒီ လေယာဉ်တင် သင်္ဘောကြီးကို နိုင်ငံရေတပ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ပြန်လည် မွမ်းမံဖို့ ဘတ်ဂျတ်တစ်ရပ်ကို ခွဲဝေ သတ်မှတ်ပေးမှာဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ရီကို ရီကာဒို ဆီရာရစ်က Antaraကို ပြောကြားခဲ့ပါတယ်။

ရေယာဉ်လွှဲပြောင်းရေး အစီအမံတွေနဲ့ ပတ်သက်လိုပ နှစ်နိုင်ငံ အစိုးရကြား ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။ Guiseppe Garibaldiကို အီတလီမှာ တည်ဆောက်ပြီး ၁၉၈၅ ကနေ ၂၀၂၄ ခုနှစ်ထိ အီတလီ ရေတပ်အတွက် အမှုထမ်းခဲ့ပြီး ၂၀၂၄ မှာတော့ အနားပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တန်ချိန် ၁၀၀၀၀ ကျော်လေးပြီး ပေ ၆၀၀ နီးပါးရှည်တဲ့ လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ ပြေးလမ်းအတိုသာ လိုအပ်တဲ့ လေယာဉ်တွေ၊ ထောင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ အခြေစိုက်နိုင်ပါတယ်။ အင်ဒိုနီးရှား မီဒီယာက Guiseppe Garibaldiကို လေယာဉ်တင် သင်္ဘောအဖြစ် ရည်ညွှန်းထားပေမယ့် အီတလီ ရေတပ်ကတော့ လေယာဉ်တင် ခရူဇာ စစ်သင်္ဘောအဆင့် သတ်မှတ်ထားပါတယ်။ Guiseppe Garibaldiပေါ်မှာ လေယာဉ် အရေအတွက် အများဆုံး ၁၈ စီးထိ အခြေစိုက်နိုင်ပြီး ဒါဟာ တင်းပြည့်ကျပ်ပြည့် လေယာဉ်တင် သင်္ဘောတွေနဲ့ ယှဉ်ရင်တော့ နည်းပါးတဲ့ အရေအတွက် ဖြစ်ပါတယ်။

အင်ဒိုနီးရှား ရေတပ် အကြီးအကဲ သေနာပတိ မူဟာမက် အလီက လေယာဉ်တင် သင်္ဘောကြီးဟာ အောက်တိုဘာ ၅ ရက်နေ့ မတိုင်ခင် အင်ဒိုနီးရှားဆီ ဆိုက်ရောက်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ကြောင်း Antaraက ဖော်ပြထားပါတယ်။ အဲဒီနေ့က အင်ဒိုနီးရှား အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့များနေ့လည်း ဖြစ်ပါတယ်။

ဓာတ်ငွေ့တာဘိုင် လေးလုံးနဲ့ ခုတ်မောင်းတဲ့ လေယာဉ်တင် သင်္ဘောကြီးဟာ တစ်ကြိမ် လောင်စာဖြည့်ထားပြီးရင် ရေမိုင် ၇၀၀၀ လောက်ထိ ဆက်တိုက် မောင်းနှင်နိုင်ပါတယ်။ Guiseppe Garibaldiမှာ တာဝေး ထောက်လှမ်းနိုင်တဲ့ ရေဒါတွေ၊ ရေဒါလှိုင်းဖျက် jammerတွေ၊ သင်္ဘောဖျက် ဒုံးကျည်တွေ၊ လေယာဉ်ပစ် ဒုံးကျည်တွေနဲ့ တော်ပီဒိုတွေ တပ်ဆင်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ကိုးကား: CNA
ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေး အခြေအနေ ပြန်လည် တိုးတက်လာတဲ့အတွက် ပြင်သစ်ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီးကို နေရပ်ပြန်ခေါ်တော့မယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။