Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်၊ ဂျပန်နဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်

ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ဂျပန် ရေတပ်တွေ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ် ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ဂျပန် ရေတပ်တွေ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ် ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မဟာမိတ်တွေကြား စစ်ရေး ပူးပေါင်းမှုတွေကို အရှိန်မြှင့်ဖို့ ရည်ရွယ်ပြီး သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အစပြုခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အခု လေ့ကျင့်မှုမှာ ပါဝင်တဲ့ သုံးနိုင်ငံစလုံးဟာ တရုတ်နဲ့ တင်းမာမှုတွေ အသီးသီး ရှိနေပါတယ်။

အမေရိကန်ဟာ တရုတ်ရဲ့ စူပါပါဝါ ပြိုင်ဘက်နိုင်ငံဖြစ်ပြီး ဂျပန်ကတော့ ထိုင်ဝမ်ကိုသာ တရုတ်က ကျူးကျော်ရင် ထိုင်ဝမ်ကိုကူဖို့ စစ်တပ်တွေ စေလွှတ်ပေးမယ်ဆိုတဲ့ ဂျပန် ဝန်ကြီးချုပ်ရဲ့ စကားကို အကြောင်းပြုပြီး တရုတ်နဲ့ ဆက်ဆံရေး အေးခဲနေပါတယ်။ ဖိလစ်ပိုင်ကတော့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကြောင့် တရုတ်နဲ့ ပြဿနာတွေ ရှိနေပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ် ကြေညာထားတာကြောင့် ဖိလစ်ပိုင်အပြင် တခြား ဒေသတွင်း နိုင်ငံတချို့နဲ့ပါ အငြင်းအခုံတွေ ဖြစ်နေပါတယ်။

၂၀၂၃ ခုနှစ်ကစလို့ ဖိလစ်ပိုင်ဟာ နိုင်ငံရဲ့ ရေပိုင်နက် အချုပ်အခြာ ပိုမိုခိုင်မာစေရေး ရည်ရွယ်ပြီး တောင်တရုတ်ပင်လယ်ထဲမှာ တခြားမိတ်ဖက် နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော စစ်ရေးလေ့ကျင့်မှုမှာတော့ ဖိလစ်ပိုင်က Antonio Luna ဖရီးဂိတ် စစ်သင်္ဘောအပြင် တိုက်လေယာဉ် တချို့ကိုပါ ပူးပေါင်းပါဝင်စေခဲ့ပါတယ်။ ဂျပန်က P-3 Orion ရေကြောင်း ထောက်လှမ်းရေးနဲ့ ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေး လေယာဉ်တစ်စီးကို စေလွှတ်ခဲ့ပြီး အမေရိကန်ကတော့ ပဲ့ထိန်း ဒုံးကျည်တပ် USS Dewey ဖျက်သင်္ဘောနဲ့ Posiedon ကင်းလှည့်ရေယာဉ်တို့ကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ပင်လယ်ပြင်မှာ ရိက္ခာနဲ့ လှောင်စာ လွှဲပြောင်းဖြည့်တင်းမှု၊ လေယာဉ်နဲ့ ရေယာဉ်တွေကြား ဆက်သွယ်ချိတ်ဆက်မှု၊ သတ်မှတ်ရေပြင်ကို ကင်းလှည့်စစ်ဆေးမှုတွေ ပါဝင်ခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ အမေရိကန် ဩစတြေးလျ စစ်တပ်တွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာလည်း စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပါသေးတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။