Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအပေါ် ကင်မ်ဂျုံအွန်းရဲ့ ညီမ သတိပေး

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်လာစေနိုင်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမက သတိပေး ပြောကြားသွားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်လာစေနိုင်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမက သတိပေး ပြောကြားသွားပါတယ်။

မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးဆုံး အမျိုးသမီးလို့ သတ်မှတ်ခံထားရတဲ့ ကင်မ်ယိုဂျောင်က မတ်လ ၉ ရက်နေ့မှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ ရန်စခြိမ်းခြောက်ပြီး ကျူးကျော်လိုမှုကို ပြသတဲ့ သဘောထားမျိုး ဖြစ်နေကြောင်း စွပ်စွဲ ဝေဖန်သွားခဲ့ပါတယ်။

အဲဒီလို လုပ်ရပ်မျိုးတွေဟာ ကိုရီးယားကျွန်းဆွယ် ဒေသကြီးတစ်ခုလုံးရဲ့ တည်ငြိမ်မှုကို အန္တရာယ် ဖြစ်လာစေနိုင်တယ်လို့လည်း ကင်မ်ယိုဂျောင်က အစိုးရပိုင် KCNA သတင်းဌာနကို မတ်လ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ Freedom Shield စစ်ရေးလေ့ကျင့်မှုကို အခုနှစ်မှာလည်း မတ်လ ၉ ရက်ကနေ ၁၉ ရက်နေ့ထိ ကျင်းပမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လေ့ကျင့်မှုမှာ အမေရိကန်က အရေအတွက် အတိအကျ မသိရတဲ့ စစ်သည် ထောင်ဂဏန်းလောက် ပူးပေါင်းစေပြီး တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၁၈၀၀၀ လောက် ပါဝင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ မဟာမိတ် နှစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားကတော့ ခါးသီးတဲ့ သဘောထားမျိုးနဲ့ ရှုမြင်လေ့ရှိပြီး မြောက်ကိုရီးယားကို ကျူးကျော်ဖို့ လေ့ကျင့် ပြင်ဆင်မှုတွေအဖြစ် စွပ်စွဲလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ အဲဒီလေ့ကျင့်မှုတွေရဲ့ ရည်ရွယ်ချက်ဟာ ကာကွယ်ရေး ကဏ္ဍအတွက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အခုနှစ်အတွက် စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှု အခင်းအကျင်းကလည်း မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်လာရင် ကြုံလာနိုင်တဲ့ ဖြစ်နိုင်ခြေတွေအပေါ် နှစ်နိုင်ငံ ပူးပေါင်း ကိုင်တွယ်ဖို့ အဓိက ရည်ရွယ်ထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကြေညာထားပါတယ်။

တောင်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ စစ်ရေးကဏ္ဍနဲ့ ပတ်သက်ရင် အမေရိကန်ရဲ့ ကြီးမှူး တာဝန်ယူမှုတွေကို လက်ရှိ သမ္မတ လီဂျေမြောင်ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးမယ့် ၂၀၃၀ မတိုင်ခင်မှာ လက်လွှဲယူဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။