Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိတ်ဖက် နိုင်ငံတွေရဲ့ သင်္ဘောတွေအတွက် ဟောမုဇ် ရေလက်ကြားကို အကန့်အသတ်နဲ့ ဖြတ်သန်းဖို့ အီရန်ခွင့်ပြုပေးနေ

ဟောမုဇ် ရေလက်ကြားကို ပိတ်ထားဆဲ ဖြစ်ပေမယ့် မိတ်ဖက် နိုင်ငံတွေရဲ့ ရေနံတင် သင်္ဘောတွေကိုတော့ အကန့်အသတ်နဲ့ ဖြတ်သန်းစေတာမျိုး အီရန်က ပိုမို ခွင့်ပြုလာနေပါတယ်။

ဓာတ်ပုံ - AP

ဟောမုဇ် ရေလက်ကြားကို ပိတ်ထားဆဲ ဖြစ်ပေမယ့် မိတ်ဖက် နိုင်ငံတွေရဲ့ ရေနံတင် သင်္ဘောတွေကိုတော့ အကန့်အသတ်နဲ့ ဖြတ်သန်းစေတာမျိုး အီရန်က ပိုမို ခွင့်ပြုလာနေပါတယ်။

ဟောမုဇ်ရေလက်ကြားရဲ့ ရေယာဉ်ဖြတ်သန်းခုတ်မောင်းမှု ခြေရာခံ စနစ်တွေအရ မတ်လ ၁၅ နဲ့ ၁၆ ရက်တွေမှာ အနည်းဆုံး သင်္ဘော ၅ စီးလောက်ဟာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းသွားခဲ့တာ တွေ့ရှိခဲ့ရပါတယ်။ အီရန်နဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက် မယူဘဲ အဲဒီရေယာဉ်တွေဟာ ရေလက်ကြားကို ဖြတ်မောင်းသွားဖို့ မဖြစ်နိုင်ပါဘူး။

အီရန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးတဲ့နောက် ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အဓိက အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ချခဲ့ပြီး ဖြတ်သန်းခုတ်မောင်းတဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဟောမုဇ်ဟာ နိုင်ငံတကာကို တင်ပို့တဲ့ ရေနံတွေရဲ့ ငါးပုံတစ်ပုံစာလောက် ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်းဖြစ်ပြီး အီရန်ရဲ့ ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာအနှံ့မှာ စွမ်းအင်ဖူလုံမှုဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာသလို လောင်စာဆီ စျေးတွေလည်း တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် ရေပိုင်နက်ကို ဖြတ်ပြီး သင်္ဘော ၅ စီးလောက်က ခုတ်မောင်းနိုင်ခဲ့တာကို ကြည့်ရင် အီရန်ဟာ ဟောမုဇ်ကို အပြည့်အဝရော၊ အကန့်အသတ်နဲ့ပါ လိုအပ်သလို ပိတ်ဆို့နိုင်စွမ်း ရှိနေတယ်ဆိုတာ ညွှန်ပြနေကြောင်း ရေကြောင်း ထောက်လှမ်းရေး သုတေသန ဌာနတစ်ခုဖြစ်တဲ့ Windwardက မှတ်ချက်ပေးခဲ့ပါတယ်။

တစ်နည်းအားဖြင့် အီရန်ဟာ အမေရိကန်ကို ထိုးနှက်ဖို့ ရေလက်ကြားကို ပိတ်ထားရင်း မိတ်ဖက်နိုင်ငံတွေနဲ့ စာနာထောက်ခံတဲ့ နိုင်ငံတွေရဲ့ ရေယာဉ်တွေ ရေလက်ကြား ဖြတ်သန်းမှုကို စိစစ် ခွင့်ပြုနိုင်စွမ်း ရှိနေတာကို မြင်သာစေတယ်လို့ Windwardက ဆိုပါတယ်။

JPMorgan ဘဏ်ရဲ့ သုတေသီ တစ်ဦးဖြစ်တဲ့ နာတာရှာ ကာနီဗာကလည်း လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အနည်းဆုံး ရေယာဉ် လေးစီးလောက်ဟာ ဟောမုဇ်ရေလက်ကြားရဲ့ အီရန် ထိန်းချုပ်ထားရာ လာရက် ကမ်းမြှောင်နားကပ်ပြီး ဖြတ်သန်း ခုတ်မောင်းခဲ့ကြောင်း မတ်လ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ ခုတ်မောင်းမှုဟာ ဟောမုဇ်ကို နိုင်ငံတကာ သင်္ဘောတွေ ပုံမှန် ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်းကနေ သွေဖယ်စေပြီး အီရန်က ညွှန်ပြတဲ့ လမ်းကြောင်းသစ်ကို အသုံးပြုနေတာ ဖြစ်ကြောင်း၊ ဒါကြောင့် အီရန်ဟာ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဆီက မဟုတ်တဲ့ သင်္ဘောတွေကို ဒီနည်းလမ်း အသုံးပြု စိစစ်ပြီး ရေလက်ကြား ဖြတ်သန်းမှုကို ခွင့်ပြုပေးနိုင်ခြေ ရှိနေကြောင်း ကာနီဗာက AFP သတင်းဌာနဆီ မှတ်ချက်ပေးခဲ့ပါတယ်။

နှစ်ရက်အတွင်း ဟောမုဇ်ကို ဖြတ်သန်းခဲ့တဲ့ ရေယာဉ်တွေဟာ ရေနံနဲ့ ဓာတုပစ္စည်းတွေ တင်ဆောင်နိုင်တဲ့ ဝမ်းပြားရေယာဉ်တွေဖြစ်ပြီး ရေနံတင် သင်္ဘော အနည်းဆုံး တစ်စီးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အိန္ဒိယရဲ့ ဓာတ်ငွေ့ရည်တင် သင်္ဘောနှစ်စီးဟာလည်း အီရန်ရဲ့ အထူးခွင့်ပြုချက်နဲ့ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခွင့် ရခဲ့ပါတယ်။ အဲဒီ မတိုင်ခင်တုန်းကလည်း အီရန်နဲ့ ညှိနှိုင်းပြီး တူရကီ ရေယာဉ်တစ်စီးဟာ ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့တယ်လို့ တူရကီ ပို့ဆောင်ရေးဝန်ကြီး အက်ဘ်ဒူလ်ကာဒါ အူရာလိုဂလူက အတည်ပြုခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။