Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တောင်ပိုင်း စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

​မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေစစ်ကြောင်းထိုးလာလို့ ဒေသခံပြည်သူ ထောင်ချီနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်လူသားစာနာဌာန

​မတ်-၂၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေစစ်ကြောင်းထိုးလာလို့ ဒေသခံပြည်သူ ထောင်ချီနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့က မတ်လ ၂၂ ရက်က ပေါက်မြို့ပေါ်နဲ့ အမှတ်(၂၄) ကာကွယ်ရေးပစ္စ​ည်းစက်ရုံ(ကပစ-၂၄) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေက ပျူစောထီးတွေနဲ့ ပေါင်းပြီး အင်အားအများအပြားနဲ့ ပေါက်မြို့နယ် တောင်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒရုန်းတွေပါဝဲပြီး လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက ပြောပါတယ်။

“လက်ရှိ ပေါက်မြို့နဲ့အနီး ပေါက်တောင်ပိုင်းက ၂၂ ရက်နေ့ ညနေကတည်းက ကျေးရွာ ၁၄ ရွာ ယာယီ စစ်ဘေးရှောင်နေရတာပါ”လို့ ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းကြောင့် ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ (၁၄)ရွာက အိမ်ထောင်စုနှစ်ထောင်နီးပါး၊ ပြည်သူတစ်သောင်းခန့်ဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောထဲတောင်ထဲမှာ ယာယီစစ်ဘေးရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ပါ အထူးဂရုစိုက်ကြဖို့၊ ပြည်တွင်း ပြည်ပက အလှူရှင်တွေအနေနဲ့လည်း စစ်ရှောင်တွေကို ကူညီပေးဖို့ ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ အယ်နီညိုကြောင့် ရာသီဥ​​တု အပြောင်းအလဲ မြန်ဆန်နေတာကြောင့် စစ်ရှောင်ပြည်သူအချို့ ကျန်းမာရေးထိခိုက်မှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်က YCC ခန်းမမှာ ဇာတ်မင်းသား စမ်းရေမိုးရဲ့ ဖျော်ဖြေပွဲ ပြုလုပ်ပါတယ်။ အဲဒီပွဲမှာ စမ်းရေမိုး ပုံတူ ပန်းချီကားကို လေလံတင် ရောင်းချခဲ့ရာမှာ အမျိုးသမီးတွေ အပြိုင်အဆိုင် လေလံ ဝင်ဆွဲခဲ့ကြတယ်။ နောက်ဆုံးတော့ အမျိုးသမီးတစ်ဦးက...

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို ၀င်လာတဲ့ အာဏာသိမ်းစစ်တပ်ယာဉ်တန်း အသေခံဒရုန်းတွေနဲ့ တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook