Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းအနှံ့ အပစ်ရပ်မယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ်ပြော၊ လက်ဘနွန်မှာ အပစ်မရပ်ဘူးလို့ အစ္စရေးဆို

အီရန်မှာ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီချက်ဟာ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို အကျုံးဝင်စေမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

အီရန်မှာ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီချက်ဟာ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို အကျုံးဝင်စေမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

ရှရစ်ဖ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေသလို ဧပြီ ၇ ရက်နေ့မှာ ရရှိခဲ့တဲ့ အီရန်-အမေရိကန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အထမြောက်လာအောင် အဓိက ကြားဝင် စေ့စပ်ပေးခဲ့သူ တစ်ဦးပါ။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တစ်လကျော်ကြာ စစ်ပွဲအတွင်း အစ္စရေးဟာ လက်ဘနွန်မှာလည်း စစ်မျက်နှာဖွင့်ပြီး အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို တိုက်ခိုက်နေခဲ့ပါတယ်။ အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်းမှာရှိတဲ့ အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်မီးက ဒေသတစ်ခုလုံးဆီ ပျံ့နှံ့ ကူးစက်ခဲ့ပါတယ်။

ဧပြီ ၇ ရက်နေ့မှာတော့ ထရမ့်က အီရန်နဲ့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အီရန်ကလည်း အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုတွေ ရပ်ထားမယ်ဆိုရင် နှစ်ပတ်ကြာ အပစ်ရပ်မယ့် ကိစ္စကို လက်ခံကြောင်းနဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှရစ်ဖ်က အီရန်နဲ့ အမေရိကန်တို့အပြင် နှစ်ဖက်စလုံးရဲ့ မဟာမိတ်တွေက အသီးသီး သဘောတူညီခဲ့မှုတွေအရ အပစ်အခတ် ရပ်စဲရေးဟာ နေရာတိုင်းမှာ လက်ဘနွန် အပါအဝင် နေရာတိုင်းမှာ ချက်ချင်း အသက်ဝင်လာမှာဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

သူက ပါကစ္စတန်ဟာ စစ်ရပ်စဲရေး ဆွေးနွေးမှုတွေကို မြို့တော် အစ္စလာမ်မာဘတ်မှာ အိမ်ရှင်အဖြစ် တာဝန်ယူ လက်ခံကျင်းပပေးဖို့ ဆန္ဒရှိကြောင်းလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီမှုမှာ လက်ဘနွန်လည်း အပါအဝင် ဖြစ်တယ်လို့ ရှရစ်ဖ်က ပြောပေမယ့် အစ္စရေး ဝန်ကြီးချုပ်ရုံးကတော့ အဲဒီအချက်ကို ငြင်းပယ်ခဲ့ပါတယ်။ အမေရိကန်က ဦးဆောင်ညှိနှိုင်းခဲ့တဲ့ အီရန်နဲ့ အပစ်ရပ်ရေး ဆွေးနွေးမှုကို အစ္စရေး အနေနဲ့ ထောက်ခံကြောင်း၊ ဒါပေမဲ့ နှစ်ပတ်ကြာ အပစ်ရပ်ရေးဟာ လက်ဘနွန်က စစ်ဆင်ရေးတွေနဲ့တော့ မဆိုင်ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

အီရန်ရဲ့ ဒုံးကျည်နဲ့ နျူကလီးယား အကြမ်းဖက် ခြိမ်းခြောက်မှုတွေဟာ အမေရိကန်၊ အစ္စရေး၊ အီရန်ရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ကမ္ဘာကြီးပေါ် လုံးဝ ကျရောက်မလာနိုင်အောင် တားဆီးမယ့် အမေရိကန်ရဲ့ အားထုတ်မှုတိုင်းကို အစ္စရေးက ထောက်ခံကြောင်း၊ အဲဒီ ရည်မှန်းချက်တွေ ပြည့်စုံတဲ့ထိ မယိမ်းမယိုင် ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း အမေရိကန်က အစ္စရေးဆီ အသိပေးထားကြောင်း အဲဒီ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့က အပစ်အခတ် ရပ်စဲမယ့်အကြောင်း ကြေညာပြီး နာရီပိုင်းအတွင်း အီရန်၊ အစ္စရေး၊ ဘာရိန်း၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ဆော်ဒီအာရေးဘီးယားတို့မှာ တိုက်ခိုက်မှုအချို့ ဆက်ရှိနေခဲ့ပြီး လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းနေခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။