Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ လုပ်နည်းလုပ်ဟန်တွေ ပုံမကျရင် စစ်ပွဲ ပြန်စလာနိုင်တယ်လို့ ထရမ့်ခြိမ်းခြောက်

အီရန်ရဲ့ လုပ်နည်းလုပ်ဟန်တွေ ပုံမကျဘူးလို့ သူယူဆရင် စစ်ပွဲကို ပြန်စနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်ရဲ့ လုပ်နည်းလုပ်ဟန်တွေ ပုံမကျဘူးလို့ သူယူဆရင် စစ်ပွဲကို ပြန်စနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ လောလောဆယ်မှာ အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် အီရန်ဖက်က နောက်ဆုံး တိတိကျကျ အဆိုပြုချက်မျိုးကို စောင့်နေဆဲလို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ လုပ်ပုံကိုင်ပုံတွေက အဆင်မပြေဘူးလို့ သူ့အနေနဲ့ ခံစားလာရရင်တော့ အပစ်ရပ် သဘောတူညီမှု အဆုံးသတ်ပြီး တိုက်ခိုက်မှုတွေ ပြန်စရလိမ့်မယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်ကို စစ်ရေးအရ တိုက်ခိုက်စရာ ကိစ္စတွေ လက်စသတ်ပြီးပြီလို့ အမေရိကန် လွှတ်တော်ဆီ ထရမ့်က စာရေးသား ပေးပို့ပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ခြိမ်းခြောက်စကားကို ပြောခဲ့ပြန်တာ ဖြစ်ပါတယ်။

အီရန်က ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့၊ အီရန်ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ် ပိတ်ဆို့ထားတာကို ရုပ်သိမ်းဖို့၊ အီရန် နျူကလီးယား အရေးကို ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှ ဆွေးနွေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ အီရန်ဖက်က တောင်းဆိုမှု တစ်ခုကိုတော့ ထရမ့်က လတ်တလော ပယ်ချထားကြောင်း အီရန် အစိုးရ ထိပ်ပိုင်း အရာရှိ တစ်ယောက်က မေလ ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖလော်ရီဒါမှာ ရှိနေချိန် သတင်းထောက်တွေက ထရမ့်ကို အီရန်ကိစ္စနဲ့ ပတ်သက်ပြီး သဘောထား မေးမြန်းခဲ့တဲ့အခါ ထရမ့်က အီရန်ဟာ သဘောတူညီမှု အဆိုပြုချက်နဲ့ ပတ်သက်တဲ့ ကနဦး သဘောတရားတွေကိုတော့ အဆိုပြုခဲ့ပြီး ဖြစ်ကြောင်း၊ အခုတော့ တိကျတဲ့ သတ်မှတ်ချက်မျိုးတွေကို အီရန်ဖက်က ပြောပြဖို့ လိုလာပြီဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အီရန်ကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်တာမျိုးတွေရော ပြန်လည် စတင်လာနိုင်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ထရမ့်က ဒီအကြောင်းကိုတော့ မပြောလိုကြောင်း၊ ဆိုလိုတာက ဒါဟာ သတင်းထောက် တစ်ယောက်ယောက်နဲ့ ဆွေးနွေးရမယ့် ကိစ္စမဟုတ်ကြောင်း၊ အီရန်ဖက်က အပြုအမူပိုင်း မှားယွင်းရင်၊ ဒါမှမဟုတ် ဆိုးရွားတာ တစ်ခုခု လုပ်ခဲ့ရင်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ဖို့ လိုကြောင်း၊ ဒီလို အခြေအနေကလည်း ဖြစ်လာနိုင်ခြေ ရှိနေဆဲလို့ ယူဆရကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်က အီရန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားတာမျိုးကို သူ့အနေနဲ့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောဆိုထားဖူးပါတယ်။ မေလ ၁ ရက်နေ့မှာတော့ သူက အီရန်ဖက်က နောက်ဆုံးပေးပို့ထားတဲ့ အဆိုပြုချက်ဟာ ကျေနပ်လက်ခံနိုင်စရာ လုံးဝမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ သေစေနိုင်တဲ့ ဆေးတွေ နှစ်ကြိမ် ထိုးသွင်းပြီးတဲ့ထိ မသေခဲ့တဲ့ လူသတ်တရားခံ အမျိုးသမီးအတွက် သေဒဏ် စီရင်မှုကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Facebook