Connect with us

Hi, what are you looking for?

ဆောင်းပါး

ဆင်းရဲခြင်းဟာ လူကိုသေစေနိုင်ပါသလား

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

(တိမ်းမှောက်ခဲ့သော ဝါးကား၊ နာရေးအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ )

နိုဝင်ဘာမိုး/People’s Spring

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

မေလ၂ ရက်နေ့ကနေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊လွင်သာယာကျေးရွာနဲ့ မိုးစွေကျေးရွာကြား၊ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဝါးကားတိမ်းမှောက်ခဲ့တာပါ။အဲဒီနေ့ကဝါးတွေနဲ့အတူကားပေါ်မှာဝါးခုတ်တဲ့အလုပ်သမား ၅၀ကျော် ပါလာခဲ့တယ်။

၅၀ ကျော်ထဲက ၁၇ ဦး အသက်ဆုံးပါးခဲ့ရတယ်။ ဆုံးပါးသူတွေထဲ အသက် ၁၄ နှစ်သားလေးကအစပါ ပါတယ်။ ၁၆ နှစ် ၊ ၁၇ နှစ် အရွယ်ကောင်းလေးတွေလည်းအများကြီး။ နွေကျောင်းပိတ်လို့ အပိုဝင်ငွေလေးရအောင် ဝါးခုတ်လိုက်ကြပါသတဲ့။ သေဆုံးသွားတဲ့အထဲက အသက် ၁၈ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့နာမည်က မောင်ရာကျော်ပါတဲ့။ မိဘတွေက သူတို့သားကလေး အသက်ရာကျော်နေရအောင် ရည်ရွယ်ပြီး ရာကျော်လို့ ပေးခဲ့ပေမဲ့ ဆန္ဒမပြည့်ဝသွားခဲ့ရှာဘူး။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေထဲ တစ်အိမ်တည်းတစ်မိသားစုတည်းတွေလည်း ပါရဲ့။ လင်မယားတွဲတွေလည်း ပါရဲ့။ အသက်ရှင်ကျန်သူတွေထဲလည်း အကောင်းကျန်သူမရှိဘူးလို့ သိရတယ်။ ဆေးရုံတက် ပေါင်ကျိုး၊ ခြေထောက်ကျိုးခြေထောက်ဖြတ်ရမယ့်သူတွေလည်း ရှိနေတယ်တဲ့။

လူမှုကွန်ရက်မှာတက်လာတော့ ကားသမားကို အပြစ်တင်သူတင်ကြတယ်။ ကားပေါ်လိုက်ခဲ့မိတဲ့ သေဆုံးသူ ဝါးခုတ်သမားလေးတွေကို အပြစ်ဖို့သူဖို့ကြတယ်။ ဉာဏ်နည်းလိုက်ကြတာတဲ့။ သြော်…

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၁၂.၄ သန်းဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။ ၎င်းတို့အနက်က လူပေါင်း ၁ သန်း ခန့်ကတော့ အသက်ရှင်သန်နိုင်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေကို ဆိုက်ရောက်နေတယ်လို့ WFP က ဆိုပါတယ်။

ဝါးခုတ်သမားလေးတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတဲ့ ၁၂ သန်းကျော်တဲ့ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ တစ်ရက်စာ တစ်နပ်စာအတွက် ပင်ပင် ပန်းပန်း ရှာဖွေကြရင်း အသက်ပါ ပေးလိုက်ကြရတာ ဖြစ်ပါတယ်။

ဒီလူတွေဘာကြောင့်ဆင်းရဲသွားကြတာပါလဲ။တရားခံကတော့ အာဏာသိမ်းစစ်တပ်ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို လေ့လာနေကြတဲ့ အဖွဲ့အစည်းတွေရဲ့အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတာနဲ့ ဝင်ငွေ လျော့ကျလာတာ၊ နိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် လူဦးရေ အမြောက်အမြား နေရပ်စွန့်ခွာရတာတွေကြောင့် ဆင်းရဲနွမ်းပါးမှု ပိုမိုဆိုးရွားလာစေတယ်လို့ အသိပေးထားပါတယ်။

ဒါ​တောင်အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က လူငယ်​တွေပြည်ပထွက် အလုပ်မလုပ်ကြပဲ နိုင်ငံတိုးတက်​အောင် ပြည်တွင်းမှာပဲလုပ်ကြပါလို့ ​ပြော​နေ​သေးတာပါ။

​စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်းနဲ့အတူ လာမယ့် ကာလတိုအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ဆက်လက် မြင့်တက်နေနိုင်ကြောင်းကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံရဲ့လူသွားလမ်းဘေးမှာတော့ ဝါးကားဖြစ်စဥ်မှာ အသက်မဲ့ခဲ့ရတဲ့ ရုပ်အလောင်းတွေကို တန်းစီချထားတယ်။ ရုပ်အလောင်းအားလုံးက တောသူတောင်သား အလုပ်ကြမ်းလုပ်ရသူတွေမို့ အသားအရည်က နေလောင်ထားလို့ ညိုညိုမှိုင်းမှိုင်း။ အပေါ်ဝတ် အင်္ကျီလက်ရှည်အကွက်လေးတွေဟာ နေ့စဉ်ဝတ်ပါများတော့ အရောင်တွေ လွင့်လို့။

အမျိုးသမီးငယ်လေးတစ်ယောက်ကတော့အသက်မဲဲ့နေပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ခြေထောက်ကို ကိုင်ရင်း ကျုံ့ကျုံ့လေးထိုင်ကာ ငိုနေရှာတယ်။ ဘေးနားက အမျိုးသမီးငယ်တစ်ယောက်ကလည်း တုံဏိဘာဝေနဲ့ ရုပ်အလောင်းတွေကိုငေးကြည့်နေခဲ့ပါတော့တယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။

သတင်း

မတ်-၂၂၊၂၀၂၆။မိုမို/People’s Spring ရန်ကုန်-မန္တလေးလမ်းမကြီး၊ နေပြည်တော်ကောင်စီနယ်မြေအဝင် စစ်တပ်ရဲ့အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်ကို မတ်လ ၂၁ရက် ​နေ့လယ် ၁၂နာရီ က စစ်တပ်ရဲ့​လေ​ကြောင်းရန်ကာကွယ်​ရေးစနစ်​တွေကို​ကျော်လွှားပြီး​တော့FPVဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူက​ပြောပါတယ် ။ Operation Fly Over Urban (Yae Ni) လို့အမည်​ပေးထားတဲ့ စစ်ဆင်​ရေးမှာ စစ်တပ်ဘက်...