Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတ ကတော်ဟောင်းရဲ့ ပြစ်ဒဏ်ကို တိုးမြှင့်ခဲ့တဲ့ တရားသူကြီး သေဆုံး၊ အဆုံးစီရင်မှုလို့ ယုံကြည်ရ

တောင်ကိုရီးယား သမ္မတကတော်ဟောင်းရဲ့ အယူခံကိစ္စ ကြားနာမှုကို ဦးဆောင် စစ်ဆေးခဲ့တဲ့ အကြီးအမှူး တရားသူကြီးဟာ အဆုံးစီရင်တယ်လို့ ယူဆရတဲ့ အခြေအနေမျိုးနဲ့ သေဆုံးသွားပါတယ်။

သမ္မတကတော်ဟောင်း ကို တရားခွင်မှာတွေ့ရပုံ (ဓာတ်ပုံ - Reuters)

မေ – ၆ ၊၂၀၂၆

တောင်ကိုရီးယား သမ္မတကတော်ဟောင်းရဲ့ အယူခံကိစ္စ ကြားနာမှုကို ဦးဆောင် စစ်ဆေးခဲ့တဲ့ အကြီးအမှူး တရားသူကြီးဟာ အဆုံးစီရင်တယ်လို့ ယူဆရတဲ့ အခြေအနေမျိုးနဲ့ သေဆုံးသွားပါတယ်။

ရှင်ဂျောင်အိုရဲ့ အလောင်းကို ဆိုးလ်မြို့တော် တရားရုံးတစ်ခုနားက ပန်းခင်းမှာ ရဲတွေက မေလ ၆ ရက် မနက်အစောပိုင်းမှာ ရှာတွေ့ခဲ့ပါတယ်။

သူဟာ လာဘ်ပေးလာဘ်ယူမှုအတွက် ထောင်ဒဏ် ချမှတ်ခံခဲ့ရသူ သမ္မတကတော်ဟောင်း ကင်မ်ကွန်ဟီးရဲ့ အယူခံ ကြားနာမှုတွေကို ဦးဆောင်ခဲ့တဲ့ တရားသူကြီး ဖြစ်ပါတယ်။ ကင်မ်ဟာ မူလပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် လပေါင်း ၂၀ ကနေ အယူခံရုံးရဲ့ စီရင်ချက်မှာတော့ ထောင်ဒဏ် လေး နှစ်ထိ တိုးသွားတာကို ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်ကြောင့် ရာထူးကနေ ဖယ်ရှားခံရပြီး ထောင်ဒဏ် ချမှတ်ခံရသူ သမ္မတဟောင်း ယွန်ဆွတ်ယောရဲ့ ဇနီးဖြစ်ပါတယ်။

သေဆုံးသူ တရားသူကြီး ရှင်ရဲ့ အိတ်ကပ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြောင်း စာတစ်စောင် ရှိနေခဲ့ပါတယ်။ သူက ကိစ္စတချို့အတွက် တောင်းပန်ထားပေမယ့် ကင်မ်ကို ပြစ်ဒဏ်တိုးခဲ့တဲ့ အမှုနဲ့ ပတ်သက်တဲ့ စီရင်ဆုံးဖြတ်ချက် အကြောင်းကိုတော့ ထည့်သွင်း ရည်ညွှန်းမထားခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။

ရဲတွေက ဒီဖြစ်စဉ်မှာ ပြင်ပ ပယောဂ တစ်ခုခု မပါဝင်ဘူးလို့ ကနဦး ယူဆထားပေမယ့် သေမှုသေခင်း အသေးစိတ်ကို ဆက်လက် စုံစမ်းမယ်လို့ ပြောပါတယ်။ တရားသူကြီးဟာ အမြင့်တစ်နေရာကနေ ခုန်ချခဲ့တာလို့ ယုံကြည်ရပါတယ်။

ဇန်နဝါရီလတုန်းက အောက်ရုံးမှာ ထောင်ဒဏ် လ ၂၀ စီရင်ချက် ချမှတ်ခံခဲ့ရပြီး ကင်မ်က ဆိုးလ် တရားရုံးချုပ်မှာ အယူခံဝင်ခဲ့ပြီး ရှင်ကတော့ အဲဒီအမှုမှာ တရားသူကြီး အကြီးအမှူး အနေနဲ့ ကိုင်တွယ်ခဲ့တာပါ။

ဧပြီလမှာတော့ တရားသူကြီးရှင် ကြီးမှူးနေတဲ့ တရားခွင်က ကင်မ်ဟာ တခြားအဂတိမှုနဲ့ စတော့ရှယ်ယာ အရှုပ်အထွေးတွေမှာ ပတ်သက်ဆက်နွှယ်ကြောင်း ဆုံးဖြတ်ခဲ့သလို ပြစ်ဒဏ်ကိုလည်း မူလကထက်တိုးပြီး ထောင်ဒဏ် လေး နှစ် စီရင်ချမှတ်ခဲ့ပါတယ်။

ကိုးကား – Korea Herald

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ လုံးဝ မပတ်သက်ကြောင်း မြောက်ကိုရီးယား အစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား စစ်သုံ့ပန်းတွေ လွှဲပြောင်းပေးထားတဲ့ကိစ္စကို လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့အတွက် ယူကရိန်းက ပြန်တောင်းပန်ဖို့ တောင်ကိုရီးယားက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က လူလုပ်တူးမြောင်း တစ်ခုထဲ ရောက်နေတဲ့ ငါးမန်းတစ်ကောင်ကို လူပေါင်း သိန်းနဲ့ချီပြီး လာရောက် ကြည့်ရှုနေကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

Facebook