Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားဆီ ဒေါ်လာ ၄.၂ ဘီလီယံဖိုး ရဟတ်ယာဉ်တွေနဲ့ အစိတ်အပိုင်းတွေ ရောင်းချပေးဖို့ အမေရိကန် သဘောတူ

တောင်ကိုရီးယားဆီ ရဟတ်ယာဉ်တွေနဲ့ ဆက်စပ် အစိတ်အပိုင်းတွေ ဒေါ်လာ ၄.၂ ဘီလီယံဖိုး ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပါတယ်။

ဓာတ်ပုံ - Lockheed Martin

တောင်ကိုရီးယားဆီ ရဟတ်ယာဉ်တွေနဲ့ ဆက်စပ် အစိတ်အပိုင်းတွေ ဒေါ်လာ ၄.၂ ဘီလီယံဖိုး ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပါတယ်။

မေလ ၁၈ ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရှေ့အာရှ ဒေသတွင်း မဟာမိတ် နိုင်ငံအတွက် MH-60R Seahawk အမျိုးအစား ရဟတ်ယာဉ်သစ် ၂၄ စီး ရောင်းချပေးသွားမယ့် အကြောင်းကို အတည်ပြုခဲ့ပါတယ်။ အမေရိကန်လုပ် အဲဒီ ရဟတ်ယာဉ်တွေဟာ ရေငုပ်သင်္ဘောတွေကို ရှာဖွေထောက်လှမ်းဖို့ အဓိက တည်ဆောက်ထားတာ ဖြစ်ပြီး တောင်ကိုရီးယား စစ်တပ်ဟာ ရဟတ်ယာဉ် ၂၄ စီးအတွက် ဒေါ်လာ ၃ ဘီလီယံ ကုန်ကျမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားဟာ အမေရိကန်ဆီက ဝယ်ယူထားတဲ့ AH-64E Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရဲ့ စွမ်းဆောင်ရည်ပိုင်းကို အဆင့်မြှင့်တင်မယ့် အစိတ်အပိုင်းတွေကိုလည်း ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေနဲ့ အစိတ်အပိုင်းတွေရဲ့ တန်ဖိုးစုစုပေါင်းဟာ ဒေါ်လာ ၄.၂ ဘီလီယံ ရှိတယ်လို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Seahawkတွေကို Lockheed Martin ကော်ပိုရေးရှင်း လက်အောက်ခံ Sikorsky ရဟတ်ယာဉ် ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ရေတပ်နဲ့ မရိန်းတပ်တွေအတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားတဲ့ ရဟတ်ယာဉ်တွေဟာ ရေငုပ်သင်္ဘောတွေကို အမဲလိုက်တာအပြင် ရေပေါ် မစ်ရှင်အများအပြားမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Apache ရဟတ်ယာဉ်တွေအတွက် Boeing ကုမ္ပဏီက ထောက်ပံ့ပေးမယ့် စာချုပ်မှာတော့ ရဟတ်ယာဉ် ၈ စီးအတွက် AN/APG-78 Longbow စစ်ဆင်ရေး ရေဒါတွေနဲ့ တခြား အစိတ်အပိုင်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကို Boeingအပြင် Lockheed Martinနဲ့ Northrop Grumman ကော်ပိုရေးရှင်းတွေကပါ ပူးပေါင်း ထောက်ပံ့ပေးဖွယ် ရှိပါတယ်။

အခု လက်နက်ရောင်းချရေး သဘောတူညီမှုဟာ အင်ဒို-ပစိဖိတ် ဒေသတွင်းက အမေရိကန်ရဲ့ အရေးပါတဲ့ မဟာမိတ် နိုင်ငံတစ်ခုကို ပိုပြီး အားကောင်းလာအောင် ကူညီရာလည်း ရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို လွှတ်တော်မှာ စိစစ် အတည်ပြုပြီးတဲ့ အချိန်ကျရင်တော့ အဲဒီ လက်နက် အရောင်းအဝယ် သဘောတူညီမှုကို လက်တွေ့ စတင် အကောင်အထည် ဖော်နိုင်မယ်လို့ သိရပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။