Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပွဲစဉ်တွေကို တာဝန်ယူမယ့် အမျိုးသမီး ဒိုင်လူကြီးတွေ

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးမှာ အမျိုးသမီး ဒိုင်လူကြီးတွေလည်း ပါဝင်ကိုင်တွယ်သွားကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးမှာ အမျိုးသမီး ဒိုင်လူကြီးတွေလည်း ပါဝင်ကိုင်တွယ်သွားကြမှာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံ လက်ရွေးစင် အမျိုးသား အသင်းတွေ ယှဉ်ပြိုင်တဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ပြိုင်ပွဲကြီးမှာ အမျိုးသမီးဒိုင်တွေ ပါဝင်ကြီးကြပ်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ပြိုင်ပွဲမှာ စတင် လမ်းဖွင့်ပေးခဲ့ပါတယ်။ အခုနှစ် ပြိုင်ပွဲမှာတော့ ကွင်းလယ်ဒိုင် ၂ ဦး အပါအဝင် စုစုပေါင်း အမျိုးသမီးဒိုင် ၆ ဦးထိ ပါဝင်လာမှာ ဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်တွေကတော့ မက္ကဆီကို နိုင်ငံသူ ကေတီ ဂါစီယာ၊ အမေရိကန်ရဲ့ တိုရီ ပန်ဆိုတို့ ဖြစ်ပါတယ်။ စည်းကြပ်ဒိုင်တွေထဲမှာတော့ အမေရိကန်ရဲ့ ဘရွတ်ခ်မေယိုနဲ့ ကက်သရင်း နက်စ်ဘစ်၊ မက္ကဆီကိုရဲ့ ဆန်ဒရာ ရာမီရက်ဇ်တို့ ပါဝင်လာပြီး နီကာရာဂွာသူ တက်တီရာနာ ဂူဇ်မန်းကတော့ ဒိုင်လူကြီး အထောက်အကူပြု ဗီဒီယို ဆန်းစစ်မှုစနစ် (VAR) အခန်းကို ကြီးကြပ်မှာ ဖြစ်ပါတယ်။

အမျိုးသမီး ဒိုင်လူကြီး ၆ ဦးစလုံးဟာ ကွန်ကာကက်ဖ်လို့ ခေါ်ဝေါ်တဲ့ အမေရိကန် မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ကာရေဘီယန် ဒေသကို ကိုယ်စားပြုတဲ့ ဇုန်နယ်မြေထဲက ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝတလျှောက်လုံး ဒီလို အခွင့်အရေးမျိုးကို အိပ်မက်မက်နေခဲ့ကြောင်း၊ ကမ္ဘာ့ဘောလုံး လောကရဲ့ အထွဋ်အထိပ် ပြိုင်ပွဲကြီးမှာ တာဝန်ယူခွင့် ရမယ်ဆိုတာက ထူးကဲလှတဲ့ ဂုဏ်ယူစရာ ကိစ္စဖြစ်ကြောင်း အသက် ၃၉ နှစ်အရွယ် ပန်ဆိုက ဖီဖာရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။ ပန်ဆိုရော၊ ဂါစီယာပါ သူတို့နိုင်ငံတွေကို ကိုယ်စားပြုပြီး အမျိုးသား ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ကြီးကြပ်ခွင့်ရမယ့် ပထမဆုံး ကွင်းလယ်ဒိုင်တွေ ဖြစ်လာကြမှာပါ။ အဲဒီလို မှတ်တမ်းမျိုး ပိုင်ဆိုင်လာမယ်ဆိုတာ တွေးမိတိုင်း တစိမ့်စိမ့် ကြည်နူးနေမိတယ်လို့ အသက် ၃၃ နှစ်အရွယ် ဂါစီယာက ဆိုပါတယ်။

ဖီဖာဟာ ပွဲစဉ်တစ်ခုစီမှာ ဘယ်ဒိုင်လူကြီးတွေ ကိုင်တွယ်မလဲ ဆိုတာကို ကြိုတင် ထုတ်ပြန်မထားတာကြောင့် ပန်ဆိုနဲ့ ဂါစီယာတို့က ဘယ်ပွဲတွေမှာ တာဝန်ယူမလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စံချိန်တင် အသင်းအရေအတွက်နဲ့ ပွဲစဉ် အရေအတွက်မျိုး တိုးချဲ့ထားပြီး စုစုပေါင်း နိုင်ငံ လက်ရွေးစင် အသင်း ၄၈ ခု ပါဝင်ယှဉ်ပြိုင်မှာပါ။ ပွဲစဉ်စုစုပေါင်းကတော့ ၁၀၄ ပွဲထိ ရှိလာမှာ ဖြစ်ပါတယ်။

ကိုးကား: Concacaf

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက်ဆီ ၅ ဂိုး ၊မက်ဘီ ၄ ဂိုး၊ဟာလန် ၄ ဂိုးစီနဲ့ ​ရွှေဖိနပ်ဆုအတွက်အပြိုင်ဖြစ်​​နေ

နိုင်ငံတကာ

အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာ​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတ​လျှောက်သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ်။

နိုင်ငံတကာ

စုစုပေါင်း ၉၂ နှစ်လောက် စောင့်ဆိုင်းပြီးချိန်မှာတော့ အီဂျစ် လက်ရွေးစင် ဘောလုံးအသင်းဟာ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ဘောလုံးလောက၏ အကြီးမားဆုံးပွဲတော်ကြီးတခုကို ကမ္ဘာက အာရုံစိုက်ကြည့်ရှုနေချိန်တွင် တောက်ပသော ကွင်းကြီးများ၊ ကြယ်ပွင့်ကစားသမားများ၏ အရိပ်အောက်တွင် မေ့လျော့ကျန်ရစ်နေသည့် နောက်ထပ်ကမ္ဘာတခုရှိနေသည်။