Connect with us

Hi, what are you looking for?

သတင်း

မုံရွာပလဖစခန်းစီးနင်းခံရမှုအပါအဝင် ဖြစ်စဥ် ၂ ခုမှာ ပလဖတာဝန်ခံနဲ့ ပြည်သူ ၃ ဦးအပါအဝင် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ကိုင်းတိုင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းစီးနင်းခံရမှုအပါအဝင် ဖြစ်စဥ် ၂ ခုမှာ ပလဖတာဝန်ခံနဲ့ ပြည်သူ ၃ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မုံရွာပလဖ တာဝန်ခံ

ဇူလိုင်-၁၊၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ကိုင်းတိုင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းစီးနင်းခံရမှုအပါအဝင် ဖြစ်စဥ် ၂ ခုမှာ ပလဖတာဝန်ခံနဲ့ ပြည်သူ ၃ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့က မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ စခန်းငယ် နှစ်နေရာကို လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ မြို့နယ်ပလဖတာဝန်ခံအပါအဝင်ရဲဘော် ၅ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြို့နယ်ပလဖ ရဲဘော်တွေ ရှိနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ကြောင်း မုံရွာပကဖအဖွဲ့က ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာပကဖ ထုတ်ပြန်ချက်

အဲဒီ ဖြစ်စဉ်တွေမှာ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မုံရွာပကဖ )အနေနဲ့ ပါဝင်ပတ်သက်မှု မရှိကြောင်း၊ မီဲဒီယာအချို့နဲ့ လူသိများ တော်လှန်ရေးပုဂ္ဂိုလ်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အဆိုပါပစ်ခတ်မှု ကျူးလွန်သူတွေထဲ မြို့နယ်ပကဖက ပါဝင်သယောင် ဖော်ပြထားလို့ ထုတ်ပြန်ရတာဖြစ်ပြီး မီဒီယာမေးမြန်းမှုတွေလည်း ဖြေကြားမှာ မဟုတ်ဘူးလို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက်ပိုင်း မုံရွာနယ်အခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေက ထိုဖြစ်စဥ်မှာ မပါဝင်ကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်နေကြပါတယ်။

အခုရက်ပိုင်းအတွင်း​တော်လှန်​ရေးတပ်ဖွဲ့ကြား လက်နက်ကိုင်​အင်အားသုံးဖြေရှင်း​နေမှု​တွေအ​ပေါ် ပြည်သူအများစုက ​ဝေဖန်​နေကြပါတယ်။ ဒါ့အပြင် အခုလိုဖြစ်ရပ်​တွေက ​နွေဦး​တော်လှန်​ရေးတစ်စုံလုံးအ​ပေါ်ထိခိုက်မှာကိုလည်းပြည်သူ​တွေက စိုးရိမ်​နေကြပါတယ်။

“ဖြစ်စေချင်တာက ပူပေါင်းတိုက်သည်ဖြစ်ဖြစ်၊ မပူးပေါင်းပဲတိုက်သည်ဖြစ်ဖြစ် စစ်တပ်ကိုတိုက်ဖို့အတွက်ပဲလေ။ အခုက ဆရာများသားသေ ဖြစ်နေတာ။ သူတို့အချင်းချင်းတောင်ဒီလိုတွေ ဖြစ်နေမှတော့ စစ်တပ်ကိုဘယ်အားနဲ့သွားတိုက်တော့မှာလဲ”လို့ မုံရွာမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမြို့နယ်ပလဖစခန်းကို မုံရွာခရိုင်တပ်ရင်း (၄) ၊(၂၂)၊ (၂၃)၊ (၂၅) နဲ့ (၂၈) တို့ကဇွန်လ၂၉ရက်ညနေသုံးနာရီခန့်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။မုံရွာခရိုင် တပ်ရင်း (၄)၊( ၂၂) ၊(၂၃) ၊ (၂၅) ၊(၂၈) တို့ ကို 5+ တပ်ရင်းလို့ ​လည်း​ခေါ်ကြပြီး တပ်ရင်း ငါးခု​ပေါင်းထားတာလို့သိရပါတယ် ။

အားကူဟာ ၂၀၂၃ သြဂုတ်လက မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်မှုမှာ ကျူးလွန်သူတွေကိုဖမ်းဆီးစစ်ဆေးတာကို လူမှုကွန်ရက်ပေါ်မှာ Live လွှင့်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။

“ဒီကိစ္စကို စစ်ရုံးချုပ်က ကိုင်တွယ်နေပါပြီ။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးအရေးယူမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။အဆင့်ဆင့်သော စစ်ဌာနတွေရဲ့ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာမ

ဟုတ်ဘူးလို့ ကနဦးသိထားပါတယ်” လို့ NUG ဝန်ကြီးချုပ်ရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်ကလူထု​နွေဦးကို ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

Facebook