Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၊ဗိုလ်ဘိ၊ဗိုလ်မုတ်သုန်တို့ရဲ့ မြဝတီ​တောင်ဘက်ထိုးစစ် ​ရှေ့မတိုးပဲရပ်​နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက စစ်တပ် ခေါ်ယူထားတဲ့ DKBA နဲ့ BGF ပူးပေါင်း ၃ဖွဲ့ရဲ့ တကျော့ပြန်ထိုးစစ်ဟာ လက်တလောမှာ ရှေ့မတိုးရဲပဲ ရပ်တန့်နေပြီး လက်နက်ကြီးတွေနဲ့သာ ရမ်းသမ်းပစ်ခတ်နေတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(KNLA တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-KNU )

ဇူလိုင်-၁၊၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက စစ်တပ် ခေါ်ယူထားတဲ့ DKBA နဲ့ BGF ပူးပေါင်း ၃ဖွဲ့ရဲ့ တကျော့ပြန်ထိုးစစ်ဟာ လက်တလောမှာ ရှေ့မတိုးရဲပဲ ရပ်တန့်နေပြီး လက်နက်ကြီးတွေနဲ့သာ ရမ်းသမ်းပစ်ခတ်နေတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်ကစပြီး ယခင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကို ခေါ်ပြီး မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

စစ်တပ်၊ DKBA နဲ့ BGF ပူးပေါင်း ၃ဖွဲ့ ထိုးစစ်ကိုဟန့်တားဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကလည်း အင်အားဖြည့်တင်းလာတာကြောင့် စစ်တပ်ရဲ့ ပူးပေါင်း ၃ဖွဲ့ဟာ ရှေ့မတိုးတော့ပဲ လက်နက်ကြီးတွေနဲ့သာ ပစ်ခတ်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဟိုကို (KNLA) ကြောက်လန့်ပြီး လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ တိုက်ပွဲဖြစ်နေပါတယ်ပေါ့။ အထက်ကို တင်ပြ။ ဘယ်လောက်ထိသွားပြီ၊ဘယ်လောက်သေကုန်ပြီးဆိုတာလိမ်ပြီး အထက်ကို တင်ပြနေတာ။ မြေပြင်မှာက သူတို့ကြောက်လို့ ရှေ့မတိုးဘူး”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က မင်းလက်ပံနဲ့ ဖလူးရွာကို သိမ်းပိုက်ဖို့ DKBAဗိုလ်ဘိအဖွဲ့ကအင်အား၁၀၀ခန့် နဲ့BGFကဗိုလ်မုတ်သုန်အဖွဲ့ကအင်အား၂၀၀ခန့်ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁,၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာမြဝတီမြို့တောင်ဘက်က တောင်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထိုင်းနိုင်ငံအတွင်း မကြာခဏ လက်နက်ကြီးကျည် ကျရောက်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇွန်၂၉ရက်မှာစစ်တပ်ကမြဝတီမြို့စောင့်တပ် (၂၇၅)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အနည်းဆုံး ၇ လုံး ပစ်ကူပေးခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

စစ်တပ်က တခွကြိုးတောင်ကုန်းကနေ ပွိုင့်ဖိုက်နဲ့ ပစ်ခတ်တာ ထိုင်းဘက်ခြမ်းကို ကျရောက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စွယ်တော်ကုန်း၊ အင်ကြင်းမြိုင်နဲ့ လက်ခတ်တောင်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်တပ်က DKBA ဗိုလ်ဘိအဖွဲ့ကို မင်းလက်ပံနေရာကို​ပေးမယ်လို့မက်လုံးပေးပြီးတိုက်ခိုက်နေတာလို့လည်း လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက တည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီကနေ့အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

လက်တလောမှာ မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​နေတာမှာ စစ်တပ်အထိနာနေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရခိုင်တောင်ပိုင်းမှာလည်း လေယာဉ်တွေ ဝဲနေ

Facebook