Connect with us

Hi, what are you looking for?

သတင်း

မင်းဘူး(စကု)၊ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်ကို​တော်လှန်​ရေးတပ်​တွေစီးနင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

(မင်းဘူး(စကု)၊ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်ကို​တော်လှန်​ရေးတပ်​တွေစီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးစဥ်။ ဓါတ်ပုံ-မင်းဘူး(စကု)ပကဖ )

ဇူလိုင်-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

မင်းဘူး(စကု)မြို့နယ်ပကဖ နဲ့ ချင်းကာကွယ်ရေးတပ်(အရှို)-CDF (Asho)၊လူဘောင်သစ်တပ်တော်(NSA)တို့ကဇွန်၂၈ရက် မနက်အစောပိုင်းမှာ စီးနင်းတိုက်ခိုက််ခဲ့တာဖြစ်ပါတယ်။

“နာရီဝက်‌တောင်မကြာဘူး။ဒီကောင်တွေကြောက်လန့်ပြီးထွက်ပြေးကုန်တာ။အသေရှိတာသေချာပေမယ့်တိတိကျကျမသိသေးဘူး”လို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေစခန်းစွန့်ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့မင်းဘူး(စကု)မြို့နယ်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီစခန်းကိုလည်း မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့တယ်ဆိုပါတယ်။

မင်းဘူးမြို့နယ်ထဲမှာ စစ်တပ်ရဲ့စစ်ရေးပစ်မှတ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်မှုတွေအရှိန်မြှင့်နေပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၈ရက်က ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကို ပို့မယ့် လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ကားကိုမင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါ​သေးတယ်။စစ်သား၆ ဦး သေဆုံး၊ ၃ ဦး ဖမ်းမိခဲ့ပြီး အူဇီ‌ သေနတ်၃လက်၊ MA-1၂လက်၊ MA-2 ၁ လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် ၁ လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ ၆ လုံးနဲ့ ၁၂၂ မမ MLRS ရော့ကတ် ၂၈ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေလ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းဘူးမြို့နယ်က စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေမှာ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ဒေသခံအမျိုးသားတွေရောအမျိုးသမီးတွေကိုပါ ဖမ်းဆီးနေလို့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တွေကိုတောင် သွားဖို့ခက်ခဲနေတယ်လို့ ​ဒေသခံသတင်းရင်းမြစ်​တွေက​ပြောပါတယ်။ ဇွန်လ၂၈ ရက်နေ့ကတိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီနေ့ကစပြီး စစ်ကောင်စီက မကွေးမြို့ကနေ အင်အားတွေ ဖြည့်တင်းခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

ရန်ကုန် - ပြည်လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook