Connect with us

Hi, what are you looking for?

သတင်း

KNU ရဲ့ထောင်ကနေအကျဉ်းသားခြောက်ဦးလက်နက်တွေယူပြီးထွက် ပြေးလွတ်မြောက်နေ

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

ဇူလိုင် – ၃ ၊၂၀၂၆ ၊နိုင်ပကောင်း /People’s Spring

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

KNU ရဲ့အုပ်ချုပ်ရေးနယ်မြေဒူပလာယာခရိုင်(ကြာအင်းဆိပ်ကြီး)၊ဘုရားသုံးဆူဒေသအကျဉ်းထောင်ကနေအကျဉ်းသားခြောက်ဦး ဟာ ဇူလိုင်လ ၁ ရက်ကတည်းက ထွက်ပြေးလွတ်မြောက်နေတာပါ။

လက်နက်တွေနဲ့အတူထောက်ဖောက်ပြေးသွားတဲ့အကျဉ်းသားခြောက်ဦးဟာ လူသတ်မှု ၊ ခိုးမှု ၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး ဒီနေ့ (ဇူလိုင် ၃ ရက်) နေ့လယ်ပိုင်းအထိ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ KNU တပ်မဟာ (၆)နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးသွားတဲ့လမ်းက KNUနဲ့ DKBA ဂိတ်စခန်းတွေကိုလည်း ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

KNU တပ်မဟာ(၆)နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတွေကအကျဉ်းသားတွေကိုလိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

KNU ဒူးပလာယာခရိုင်ရဲ့ ဥက္ကဋ္ဌပဒိုစောလစ္စတန်ကလည်းထွက်ပြေးလွတ်မြောက်သွားတဲ့အကျဉ်းသားတွေမှာ လက်နက်တွေပါသွားတာကြောင့်ဒေသတွင်းလုံခြုံရေးခြေအနေ စိုးရိမ်နေရပြီး အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ကရင်သတင်းစဥ် KIC ကို ဖြေကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်များနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ညီလာခံ တရပ်ကျင်းပခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

သင်္ဘောမီးလောင်ရင် မီးငြှိမ်းဖို့ အကျဉ်းသားတွေကို ခိုင်းစေ၊ တိုက်ခိုက်ခံရလို့ သင်္ဘောမြုပ်စဉ် သေဆုံး တဲ့ အကျဉ်းသားများလည်းရှိ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook