Connect with us

Hi, what are you looking for?

သတင်း

ရက်ပိုင်းအတွင်း စခန်းငါးခုဆုံးရှုံးခဲ့တဲ့ ရေကြည်ကို စစ်တပ်က စစ်‌မှုထမ်းသင်တန်းဆင်းတွေထပ်ပို့

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက စခန်းတွေဆက်တိုက်သိမ်းနေတဲ့ ရေကြည်မြို့နယ်ထဲက စစ်တပ်ရဲ့ရှေ့တန်းနေရာတွေကို ကွင်းကောက်မြို့မှာရှ်ိတဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)မှ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပို့ဆောင်နေပါတယ်။

(အာရက္ခတပ်​တော်က ဇူလိုင်လဆန်းမှာ ​ရေကြည်မြို့နယ်အတွင်းစစ်တပ်ကာကင်းစခန်း ၂ ခုကိုသိမ်းယူပြီး​​နောက် သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့AA တပ်ဖွဲ့ဝင်အချို့။ ။ဓါတ်ပုံ-AA Info desk)

ဇူလိုင်-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက စခန်းတွေဆက်တိုက်သိမ်းနေတဲ့ ရေကြည်မြို့နယ်ထဲက စစ်တပ်ရဲ့ရှေ့တန်းနေရာတွေကို ကွင်းကောက်မြို့မှာရှ်ိတဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)မှ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပို့ဆောင်နေပါတယ်။

စစ်မှုမထမ်းမ​နေရဥပဒေအကြောင်းပြုပြီး ပုံစံမျိုးစုံနဲ့ဖမ်းဆီးခေါ်ဆောင်ထားသူတွေကို ဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့တတက (၅)မှာ အ​ခြေခံစစ်သင်တန်းပေးနေတာပါ။ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လမှာ ရေကြည်မြို့နယ်ထဲကစစ်တပ်စခန်းတွေကို AAနဲ့ မဟာမိတ်တွေက ဆက်တိုက်သိမ်းယူနေပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

“ပထမနေ့က ကားတွေ ခါလီ(အလွတ်)ဆင်းသွားပြီး နောက်နေ့ပြန်တက်လာတော့ စစ်သင်တန်းဆင်းကလေးတွေ အများကြီးပါလာတယ်။ မြို့ထဲဝင်တော့ ကမ္ဘာမကြေသီချင်းဆိုပြီး ဝင်လာတာ။သီချင်းဆိုနေပေမယ့် ကလေးတွေ မျက်နှာမကောင်းကြဘူး”လို့ ကျုံပျော်မြို့ကဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျုံပျော်မြို့ဟာ ရေကြည်မြို့နယ်နဲ့ဆက်စပ်နေပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ပုသိမ်မြို့ကနေ ငဝန်မြစ်ကြောင်းအတိုင်း အင်အားဖြည့်နေ ကျုံပျော်မြို့ကိုဖြတ်သွားတဲ့ ဟင်္သာတ-ပုသိမ်လမ်းပိုင်းကနေပါစစ်တပ်ကအင်အားဖြည့်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လက တိုက်ပွဲတွေထဲမှာ ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်နဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူပြီး ဇူလိုင်လ ၂ရက်နဲ့ ၃ရက်မှာ ၂၂၇ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ AAက ဇူလိုင်လ ၄နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄)ကိုလည်း ပုသိမ်အခြေစိုက်တပ်ရင်းတွေ ထပ်မံ အင်အားဖြည့်တင်းနေသလို လေးမျက်နှာမြို့ဘက်မှာလည်း အင်အားဖြည့်တင်းနေတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ပုသိမ်-မုံရွာလမ်းပိုင်းမှာလည်း တပ်ဖွဲ့ဝင်အင်အားအများအပြားသုံးပြီးနေရာယူထားတယ်လို့လည်းသတိပေးထားပါတယ်။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြား ပို့ဆောင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဒေသအသီးသီးမှာရှိတဲ့တော်လှန်ရေးအင်အားစု တွေကပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာလည်းလူလှိုင်းအသုံးပြုပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲ တွေပြင်းထန် နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင်းအများအပြားသေဆုံး၊ဒဏ်ရာရ​သူ၊ထွက် ပြေးနေသူတွေ၊ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာသူတွေလည်းရှိနေပါတယ်။

စစ်တပ်က ရန်ကုန်နဲ့မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ လူငယ်တွေကိုအတင်းအကြပ်ဖမ်းပြီးစစ်သားဆုတောင်းနေသလို မိသားစုချင်းဖြစ်တဲ့ပြဿနာတွေမှာလည်း အမျိုးသားတွေကိုအခုဖွင့်ပြီး စစ်တပ်ထဲထည့်သွင်းနေပါတယ်။ စစ်မှုထမ်းစုဆောင်းခံရပြီးရှေ့တန်းရောက်လာရင် လက်နက်ချဖို့နဲ့ထွက်ပြေးကြဖို့ တော်လှန်ရေးတပ်တွေကပြောထားပါတယ်။

လက်ရှိမှာ AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီဟာရခိုင်နဲ့ ဧရာဝတီနယ်စပ်စစ်မျက်နှာအပြင် စစ်တွေနဲ့ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်၊ ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်၊ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်နယ်စပ်ဖြစ်တဲ့ မင်းတပ်နဲ့ကန်ပက်လက်မြို့တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်စက်လှေပိုင်ရှင်အပါအဝင် ခရီးသည် ၁၃ ဦး ကို အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်က မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မအပါအဝင် တရားမဝင်ကုန်ပစ္စည်းသယ်ယူမှုပုဒ်မတို့နဲ့ တရားစွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။