Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်မှာ စစ်တပ်ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၆ရက်က မုန်းမြို့နယ် နိုကလော်ကျေးရွာအနီး စစ်တပ်ထောင်ထားတဲ့ မိုင်းကို အသက် ၁၈နှစ်နဲ့ အသက် ၂၇နှစ်အရွယ် ဒေသခံ အမျိုးသား ၂ဦးဟာ မိုင်းကို မတော်တဆနင်းမိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ၁ဦးဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တာ ဖြစ်ပြီးကျန် ၁ဦးဟာ ဆေးကုသဖို့ ဆေးရုံ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့တာလို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သား ပြည်သူတွေ နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ နေရာတွေကို မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် သွားလာလှုပ်ရှားမှုတွေကို ခြိမ်းခြောက်လျက်ရှိတယ်လို့ KNUက ထုတ်ပြန်ပါတယ်။ ဒီလို မိုင်းတွေကြောင့် ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အရပ်သား သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။