Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ ခွေးပေါက်ကလေး ရာဂဏန်းလောက်ကို သတ်ဖြတ်ခဲ့တဲ့ မျောက်နှစ်ကောင်ကို ဖမ်းမိ

မျောက်တွေက ခွေးလေးတွေကို ဖမ်းဆီးသွားပြီးရင် သစ်ပင် အမြင့်ကြီးတွေ၊ အိမ်အမိုးတွေပေါ် တင်ထားခဲ့ကြပါတယ်။ အဲဒီ ခွေးကလေးတွေဟာ အစာရေစာ ငတ်ပြတ်လို့ဖြစ်စေ၊ အမြင့်ကနေ ပြုတ်ကျပြီးဖြစ်စေ သေကုန်ကြပါတယ်။ ဒီလို လုပ်ရပ်မျိုးကို မျောက်နှစ်ကောင်က ဘာကြောင့် စိတ်တူကိုယ်တူ ကျူးလွန်ကြသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အိန္ဒိယ နိုင်ငံမှာ ရာနဲ့ချီ များပြားတဲ့ ခွေးပေါက်လေးတွေကို သတ်ဖြတ်ခဲ့တဲ့ မျောက်နှစ်ကောင်ကို ဒေသခံတွေက ဖမ်းဆီးလိုက်ကြပါတယ်။

မဟာရှာထရာ ပြည်နယ်က လာဗူးလ် ကျေးရွာမှာ အဲဒီမျောက် နှစ်ကောင် သတ်လို့ သေခဲ့တဲ့ ခွေးသားပေါက်လေး ကောင်ရေဟာ ၂၅၀ ဝန်းကျင်လောက်ထိ များပြားနိုင်ကြောင်း အိန္ဒိယ သတင်းဌာနတွေက ဖော်ပြပါတယ်။

မျောက်တွေက ခွေးလေးတွေကို ဖမ်းဆီးသွားပြီးရင် သစ်ပင် အမြင့်ကြီးတွေ၊ အိမ်အမိုးတွေပေါ် တင်ထားခဲ့ကြပါတယ်။ အဲဒီ ခွေးကလေးတွေဟာ အစာရေစာ ငတ်ပြတ်လို့ဖြစ်စေ၊ အမြင့်ကနေ ပြုတ်ကျပြီးဖြစ်စေ သေကုန်ကြပါတယ်။ ဒီလို လုပ်ရပ်မျိုးကို မျောက်နှစ်ကောင်က ဘာကြောင့် စိတ်တူကိုယ်တူ ကျူးလွန်ကြသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

တချို့ကတော့ မျောက်တွေဟာ ခွေးတွေနဲ့ ပတ်သက်လို့ နာကျည်းမှု တစ်ခုခု ရှိနိုင်တဲ့အတွက် လက်စားချေတာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ရွာထဲမှာ ခွေးတွေသတ်လို့ မျောက်ပေါက်စလေးတွေ သေတာမျိုး သတင်း မကြားမိဘူးလို့လည်း ဆိုပါတယ်။ မျောက်မျိုးစိတ် တချို့ဟာ သူတို့ ရန်လို မုန်းတီးသူတွေအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ဖြစ်စေ လက်စားချေတတ်တဲ့ အမူအကျင့်မျိုးတော့ ရှိတယ်လို့ တောရိုင်း တိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သစ်တောရေးရာ ဌာန အရာရှိ တစ်ဦးက အခုအခါမှာတော့ မျောက်နှစ်ကောင်ကို ထောင်ချောက်ဆင်ပြီး ဖမ်းမိထားပြီလို့ အတည်ပြုခဲ့ပါတယ်။ သူတို့ကို လူနေဧရိယာနဲ့ ဝေးတဲ့ တောအုပ်တစ်ခုထဲ ပြန်လွှတ်ပေးမယ်လို့လည်း အဲဒီ အရာရှိက ဆိုပါတယ်။ အဲဒီ မျောက်တွေဟာ လွန်ခဲ့တဲ့ ၃ လအတွင်း ခွေးပေါက်လေး စုစုပေါင်း ၂၅၀ ဝန်းကျင်လောက်ကို သတ်ပစ်ခဲ့တယ်လို့ ယူဆရပါတယ်။

မျောက်နှစ်ကောင်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ရွာခံတွေက အတော်လေး ဒေါသထွက်ခဲ့သလို စိုးလည်း စိုးရိမ်ခဲ့ကြပါတယ်။ အထူးသဖြင့် မျောက်တွေက ခွေးတွေအပြင် လူသား ကလေးငယ်တွေကိုပါ ရန်ပြုလာမှာကို စိတ်ပူကြတာကြောင့်ပါ။ ဒါပေမဲ့ လူဦးရေ ၅၀၀၀ လောက်ရှိတဲ့ ရွာထဲမှာ ကလေးတွေ ပျောက်ဆုံးတာမျိုးတော့ မကြားမိခဲ့ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook