Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် လက်နက်ခဲယမ်းများလာရောက်အပ်နှံရန် ကြေညာပြီးနောက် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

“ညက ဗုံးကွဲတာ နှစ်ချက်က တော်တော် ကျယ်တယ်။ ၇ နာရီလောက်မှ တစ်ကြိမ်၊ ၇နာရီခွဲ လောက်မှာတစ်ကြိမ် နှစ်ကြိမ်ပေါက်တာ။ စစ်ခွေးတွေ သေ၊မသေတော့ မသိရသေးဘူး”ဟု အရှေ့ဒဂုံမြို့နယ် နေသူတစ်ဦးက ပြောသည်။

လက်နက်ခဲယမ်းများ သိုလှောင်ထားပါက ၎င်းတို့ထံအပ်နှံရန် စစ်ကောင်စီက ယမန်နေ့ ကြေညာပြီးနောက် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်များအား ဗုံးဖောက်ခွဲမှုများနှင့် ရဲစခန်းတစ်ခုကို ၄၀(မမ) ဖြင့် ပစ်ခတ်တိုက်ခိုက် ခံရမှုများ ဖြစ်ခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက် ညပိုင်း နှင့် ၂၂ ရက် နံနက်အစောပိုင်းတွင် အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် သဃ်န်းကျွန်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များကို ဦးတည်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ညက ဗုံးကွဲတာ နှစ်ချက်က တော်တော် ကျယ်တယ်။ ၇ နာရီလောက်မှ တစ်ကြိမ်၊ ၇နာရီခွဲ လောက်မှာတစ်ကြိမ် နှစ်ကြိမ်ပေါက်တာ။ စစ်ခွေးတွေ သေ၊မသေတော့ မသိရသေးဘူး”ဟု အရှေ့ဒဂုံမြို့နယ် နေသူတစ်ဦးက ပြောသည်။

အရှေ့ဒဂုံဆေးရုံကြီးဘေးတွင်လည်း ရှေ့ထွက်မိုင်းအဖြစ် ည ၇နာရီက ကနဦးဖောက်ခွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများလာရောက်စစ်ဆေးချိန် ည ၇ နာရီခွဲက မိုင်းနှစ်လုံး ထပ်မံဖောက်ခွဲခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဦးက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုကို မသိရသေးသော်လည်း ဒဏ်ရာရရှိ သူများရှိသည်ဟု အာဏာရှင်တော်လှန်ရေးတပ်ဦးက ဆိုသည်။

အလားတူ ယနေ့(ဒီဇင်ဘာ ၂၂ ရက်)နံနက် ၈ နာရီဝန်းကျင်ကလည်း သဃ်န်းကျွန်းမြို့နယ် ကားကြီးဂိတ် အနီးပေါက်ကွဲ မှုဖြစ်ပွားခဲ့သည်။

“ပေါက်တာတော့ အကျယ်ကြီးပဲ။ထိခိုက်မှု ရှိ၊မရှိတော့ မသိရသေးဘူး”ဟု သဃ်န်းကျွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက် ၅ နာရီခွဲခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းကို ၄၀(မမ) ဗုံးသီး နှစ်လုံးဖြင့် ပစ်ခတ်ခံရကြောင်းလည်း သိရသည်။

ထိုဖြစ်စဥ်တွင် ထိခိုက်သေဆုံးမှုနှင့် ပေါက်ကွဲမှုဖြစ်စဥ် အသေးစိတ်ကို လူထုနွေဦးက အတည်ပြုမရသေးပေ။

နေအိမ်များနှင့် တိုက်ခန်းများအတွင်း လက်နက်ခဲယမ်းများ လျှို့ဝှက်စွာ သိမ်းဆည်းထားပါက ယခု ဒီဇင်ဘာ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာသို့ လာရောက်အပ်နှံကြရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးများက ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ယမန်နေ့ ညနေပိုင်းကစ၍ လိုက်လံကြေညာနေသည်။

(ရန်ကုန်မြို့တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီလက်ပါးစေ ရဲများကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

Facebook