Connect with us

Hi, what are you looking for?

သတင်း

ဒုဌဝတီမြစ် ရေတက်လို့ မြစ်ငယ်မြို့အနီးက ကျေးရွာတချို့ ရေစဝင်

မန္တလေးတိုင်း၊အမရပူရမြို့နယ်မှာ ဒုဌဝတီမြစ်ရေတက်လာတာကြောင့် မြစ်ငယ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ ဩဂုတ် ၉ရက်မနက်ပိုင်းစတင်ကာ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မြစ်ငယ်မြို့အနီးဥယျာဉ်တော်ရွာရေ ဝင်ရောက်လာစဉ်။ ဓာတ်ပုံ − CJ)

ဩဂုတ်−၁၀၊၂၀၂၆၊ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊အမရပူရမြို့နယ်မှာ ဒုဌဝတီမြစ်ရေတက်လာတာကြောင့် မြစ်ငယ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ ဩဂုတ် ၉ရက်မနက်ပိုင်းစတင်ကာ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ငယ်မြို့အနီးက ဥယျာဉ်တော်ရွာ၊လိပ်ဆံခွန်ရွာ၊ညောင်ပင်နဲ့ ညောင်ပင်ဆောက်ကျေးရွာတွေမှာ ရေဝင်နေတယ်လို့ သိရပါတယ်။

“မြစ်ငယ်မြို့ရဲ့အ ရှေ့ဘက်နဲ့ အနောက်ဘက်ရွာတချို့ဝင် နေပြီ။ရေက ဆက်တိုက်တက်လာတယ်။သီပေါဘက်ရေ ကျပြီဆိုတော့ ဒီဘက်က ရေတက်လာနိုင်တဲ့ အခြေအနေရှိတယ်။‌‌ဥယျာဉ်တော်ဆို မနေ့က ရေစဝင်တာ။ဒီနေ့ ရေက ခါးလောက်ရောက်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဲဒီကျေးရွာတွေဟာ အထက်ပိုင်းမိုးများပြီး ဒုဌဝတီမြစ်ရေတက်ချိန် ရေဝင်တက် ပေမယ့် ယခုနှစ်လို အလျှင်အမြန်ကြီး ရေတက်တာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မန္တလေးမြို့မှာလည်း ‌‌ ဧရာဝတီမြစ်ရေ တက်ဆဲဖြစ်ပြီး မြစ်ရေအမှတ် ၁၁၉၆ကို ရောက်နေပြီး

စိုးရိမ်ရေမှတ်မှာ ၁၂၆၀ဖြစ်ကာ စိုးရိမ်ရေမှတ်ကို ရောက်ရန် ၁၂စင်တီမီတာသာလိုတော့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မြန်မာနိုင်ငံမှာစစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က မြို့ ၁၅ မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်တယ်လို့ NUG အစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

တိုင်း ၄ တိုင်းမှာ ရေကြီးလို့ ပြည်သူ ၁၆ ဦးသေဆုံးပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်ကာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။